INFOTECH

အဆုံးမရှိသောCovid-19ကြောင့်ဝက်ဘ်ကင်မရာမလုံလောက်မှုနှင့်ကြုံရ

Published on

Covid-19 ပိတ်ဆို့မှုသည်ကမ္ဘာတစ်ဝှမ်းလုံးတွင်အကျိုးသက်ရောက်မှုရှိလာသည်နှင့်အမျှသန်းနှင့်ချီသောသူများသည်အဝေးမှအ လုပ်လုပ်ခြင်းနှင့်သူငယ်ချင်းများနှင့်အတူvirtual hangoutsများကိုစီစဉ်ခြင်းများပြုလုပ်ကြသည်။ထို့ကြောင့်Webcamsများသည် သာမန်ကွန်ပျူတာဆက်စပ်ပစ္စည်းများမှတန်ဖိုးရှိပစ္စည်းများအဖြစ်သို့တစ်ခဏအတွင်းပြောင်းလဲသွားသည်။

မတ်လမှစ၍ ဝယ်လိုအားများပြားလာပြီး ထုတ်လုပ်သူများကိုကလည်းဝယ်ယူသူများ ကျေနပ်မှုရှိစေရန်အတွက်ရုန်းကန်နေရသည်။အမှုဆောင်အရာရှိချုပ် Bracken Darrell ကကုမ္ပဏီအနေဖြင့်ဝယ်လိုအားကိုဖြည့်ဆည်းရန် “အရူးကဲ့သို့အလုပ်လုပ်နေခြင်းဖြစ် သည်”ဟုCNBC သို့ပြောကြားခဲ့သည်။ထို့အပြင်တက္ကသိုလ်များပြန်လည်စတင်မည့် ဆောင်းဦးရာသီတွင်လည်း ထပ်မံရောင်းအားမြင့်တက်လိမ့်မည်ဟု မျှော်လင့်ထားသည်။ယူကေရှိAmazon,Currysနှင့်Argos တို့တွင်Webcamsအမျိုးအစားများစွာ ရရှိနိုင်သည်။သို့သော် နာမည်ကြီးကုမ္ပဏီများဖြစ်သည့်Logitech,Microsoft and Razerတို့၏ ထုတ်ကုန်များသည် ကုန်ပစ္စည်းပြတ်တောက်သည့်စာရင်းတွင် ပါဝင်နေသည်။

© Copyright 1998-2022 All rights reserved by Myanmar Net Media, မြန်မာနက် ဆော့ဝဲ ကုမ္ပဏီလိမိတက်