INFOTECH

ဗြိတိန်နိုင်ငံတွင် ၂၀၃၀ ခုနှစ်မှစပြီး ဓာတ်ဆီနှင့် ဒီဇယ်ယာဉ်များကို တားမြစ်မည်

Published on

၂၀၃၀ခုနှစ်တွင်’အစိမ်းရောင်စက်မှုတော်လှန်ရေး’လှုပ်ရှားမှုအရ ဓာတ်ဆီနှင့်ဒီဇယ်ကားများရောင်းချမှုကိုပိတ်ပင်လိမ့်မည်ဟု Boris Johnson ကပြောကြားခဲ့ပါတယ်။သို့သော်မော်တော်ကားကျွမ်းကျင်သူများကလျှပ်စစ်ကားအားသွင်းကွန်ယက်ကိုတိုးချဲ့ရန်အကြိမ် ၂၀နီးပါးကိုင်တွယ်ဖြေရှင်းရမယ်လို့ သတိပေးခဲ့ပါတယ်။

UK နိုင်ငံတ၀ှမ်းရှိ အိမ်များ၊ လမ်းများနှင့်အဝေးပြေးလမ်းမများတွင် လျှပ်စစ်မော်တော်ယာဉ်များအတွက်လျှပ်စစ်အားသွင်းနိုင်သောနေရာများ(charging point)များတည်ဆောက်ရန် စတာလင်ပေါင် ၁.၃ ဘီလီယံကျော်ရင်းနှီးမြှုပ်နှံမယ်လို့အစိုးရမှကတိပြုခဲ့ပါတယ်။သယ်ယူပို့ဆောင်ရေးဌာနရဲ့ စာရင်းအရ အများပြည်သူသုံးအားသွင်းစက် ၁၉,၄၈၇ ခုကိုယခုနှစ် စက်တင်ဘာ၃၀တွင်တပ်ဆင်ပြီးစီးမှာဖြစ်ပါတယ်။
ဇူလိုင်နှင့်စက်တင်ဘာလများအကြားတွင်အများပြည်သူသုံးစွဲနိုင်ရန် အားသွင်းကိရိယာ၁၂၀၀ ကျော်ကိုUK တွင်တပ်ဆင်ပြီးစီးပြီဖြစ်ကြောင်းမကြာသေးမီကသယ်ယူပို့ဆောင်ရေး ဦး စီးဌာန (DfT) ၏သုံးသပ်ချက်အရဖော်ပြထားပါတယ်

သို့သော်လက်ရှိလျှပ်စစ်ကားမောင်းသူများအတွက်စျေးအသက်သာဆုံးနည်းလမ်းမှာအိမ်တွင်ကိုယ်တိုင်အားသွင်းခြင်းသာဖြစ်ပါတယ်။
ကားဂိုဒေါင်တွင်သို့မဟုတ်ကားလမ်းပေါ်တွင်ရပ်နိုင်သောလျှပ်စစ်ကားမောင်းသူများကတော့အိမ်တွင်းအားသွင်းစက်များနှင့်ချိတ်ဆက်နိုင်ပါတယ်။

အိမ်အပြင်ဘက်တွင်ကားရပ်မရသောသူများအတွက် မကြာမီ အိမ်နားအနီးပတ်၀န်းကျင်ရှိမီးတိုင်များနှင့်တံတားများတွင်တပ်ဆင်ထားသောအားသွင်းစက်အသစ်များကို ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။နောက်ထပ်ရွေးချယ်စရာတခုက အလုပ်ခွင်မှာကားများကိုအားသွင်းနိုင်ရန်အတွက် ရုံးကားရပ်နားတဲ့နေရာ(ကားပါကင်)များကို မှီခိုအားထားနိုင်မှာဖြစ်ပါတယ်။

သို့သော်အိမ်၌ဖြစ်စေ၊ အလုပ်ခွင်၌ဖြစ်စေအားသွင်းသည့်နေရာများသို့လက်လှမ်းမမီသူများကတော့ အများပြည်သူသုံးကွန်ယက်ကိုသုံးတဲ့အခါမှာပြဿနာနှစ်ခုကြုံနိုင်ပါတယ်။
အဝေးပြေးလမ်းမကြီးဘူတာရုံတွင်တည်ဆောက်ထားသော Ecotricity charger ဟာ ၄၅မိနစ်အတွက် ပေါင် ၃၅ ကျသင့်မည်ဖြစ်ပြီးလျှပ်စစ်ဓာတ်အား kWh တစ်ခုစီအတွက် 30p၊ Shell ဘူတာများတွင်တော့ လျှပ်စစ်ဓာတ်အားကို 40p / kWh နှုန်းဖြင့်သာအားသွင်းရမှာဖြစ်ပါတယ်။သို့သော်ပုံမှန်အသုံးပြုသူများအတွက် Polar ကွန်ယက်ကဲ့သို့သောအချို့ကုမ္ပဏီများကလစဉ်ကြေးဖြင့်ပေးသွင်းလို့ရပါတယ်။

လတ်တလောအရှေ့ပိုင်းကောင်စီအပါအ ၀ င်အချို့သောကောင်စီများက လျှပ်စစ်ကားသုံးစွဲသူများအတွက်အခမဲ့ရပ်နားနိုင်သောကားပါကင်များနှင့်ကားပါကင်များတွင်အခမဲ့အားသွင်းသည့်နေရာများကိုထားပေးထားမှာဖြစ်ပါတယ်။ ယာဉ်မောင်းများကို “Go green”အစီစဥ်တွင် တက်ကြွနိုင်ရန် အားပေးသည့်အနေဖြင့်ဖြစ်ပါတယ်။

Click to comment

© Copyright 1998-2022 All rights reserved by Myanmar Net Media, မြန်မာနက် ဆော့ဝဲ ကုမ္ပဏီလိမိတက်