Uncategorized

Aries ♈ မိဿ ရာသီဖွား (မတ်လ ၂၁ ရက် – ဧပြီလ ၁၉ ရက်)

Published on

? Aries ( ♈ ) မိဿ ရာသီဖွား ?
( မတ်လ ၂၁ ရက် – ဧပြီလ ၁၉ ရက် )

☀ ဦးစိတ်တို & ဒေါ်စိတ်တို ☀

စိတ်မဆိုးတတ်ဆုံး၊ သည်းခံနိုင်ဆုံး သူတွေပါ။
သူတို့က လူတော်တော်များများစိတ်ဆိုးနေတဲ့
အကြောင်းအရာတွေကို စိတ်ဆိုးစရာလို့ကို
မထင်တတ်ကြတဲ့ အထိ သဘောကောင်း
သူတွေပေါ့ ။ ဒါပေမယ့် သူတို့တန်ဖိုးထား
တဲ့ အရာတွေ ကို သွားထိ ရင်တော့
ဒေါသတွေ အရမ်း ထွက်လာပါပြီ ။

☀ ကြောက်စရာ သွေးအေး ရက်စက် သူ ☀

တခြားလူတွေနဲ့ ဘာမှကွဲပြားမှုမရှိဘဲ
အေးအေးဆေးဆေးနေတတ်တဲ့ပုံစံမျိုး
ရှိကြပါတယ်။ ဟာသဥာဏ်ကောင်းပြီး
တခြား သူတွေရဲ့ ခံစားချက် ကို
အလေးထားတတ်တဲ့သူမျိုး
ဖြစ်ပေမယ့်

ကိုယ်တိုင် လည်း ခံစားချက် က ပြင်းထန်
တာကြောင့် သူတို့ကို စိတ်ဒဏ်ရာ
ရအောင်၊ ဒေါသထွက်အောင်
သွားလုပ်ရင် နှစ်ဆလောက်
တုံ့ပြန်ဖို့ဝန်မလေးတဲ့
သူတွေပါ ။

သူတို့ရဲ့ အဆိုးဆုံးအကျင့်တစ်ခုကတော့
စိတ်ထဲမှာဖြစ်သွားတဲ့ခံစားချက်တစ်ခုကို
အချိန်အကြာကြီးထိမှတ်ထားပြီး မမေ့
မလျော့လက်တုံ့ပြန်တတ်တာပဲ
ဖြစ်ပါတယ်။

☀ လေ့လာ တဲ့ စာပေ ☀

အခက်အခဲ တွေ ကို ရင်ဆိုင်ပြီး ဘဝ ကို
စိတ်လှုပ်ရှားဖို့ ကောင်းအောင် ဖြတ်သန်း
နေထိုင်တတ်ကြတဲ့ သူတို့တွေရဲ့အကြိုက်
ကတော့ စွန့်စားခန်း အက်ရှင်စာအုပ်တွေ
ဖြစ်ပါတယ် ။ ဝတ္ထုလေးလေး ဇာတ်လမ်း
ခပ်အေးအေးတွေ ထက် စာရင် သူတို့ကို
စိတ်လှုပ်ရှားမှု ပေးနိုင်စွမ်းရှိတဲ့ စာအုပ်မျိုး
ကို ပိုပြီး သဘောကျ တတ်ကြသူတွေပါ ။

☀ အရိုးခံ ပွင့်လင်းသူ ☀

ငါ့ကို ဘယ်လိုမြင်လဲလို့ မေးလိုက်တဲ့အခါ
သူ ပြန်ပြောမယ့် အရာတွေ က အမှန်တွေ
ချည်းပဲ ဖြစ်နေမှာပါ ။

သင်က တကယ် ကြည့်မကောင်းတာ ကို
အားနာပါးနာနဲ့ ကြည့်ကောင်းပါတယ်လို့
ပြောမယ့်သူ၊ သင်က အဆင်မပြေတာကို
အဆင်ပြေပါတယ်လို့ ပြောပြီး စိတ်ထဲမှာ
တော့ အပြင်ကနဲ့ ဆန့်ကျင်ဘက် ဖြစ်
နေမယ့် သူမျိုး လုံးဝ မဟုတ်ပါဘူး ။

ဒါကြောင့် သူတို့ပြောမယ့် ခါးသီးတဲ့
အမှန်တရားကို လက်ခံနိုင်တာ
သေချာမှ ငါ့ကို ဘယ်လိုမြင်လဲ
ဆိုတာမျိုး မေးသင့်တာမျိုးပါ ။

☀ ဘွင်းဘွင်းရှင်းရှင်း တုတ်ထိုးအိုးပေါက် ☀

လောကကြီးမှာ အမှားနဲ့အမှန် နှစ်မျိုးပဲရှိတယ်
လို့ ခံယူထားပြီး နည်းနည်း မှားနေတာ ၊
နည်းနည်းပဲမှန်တာ ဆိုတာမျိုးကို လက်မခံ
တဲ့သူတွေပါ။ သူတို့အနေနဲ့ သင့်အပေါ်
မြင်တဲ့အမြင်ကလည်း အကောင်းလား၊
အဆိုးလား ဆိုပြီး နှစ်မျိုးပဲ ရှိနိုင် ပါတယ် ။
သူတို့စိတ်ထဲမှာ မကောင်းဘူး လို့ ထင်
နေတာကို ကောင်းပါတယ် လို့ ဘယ်
တော့မှပြောမှာမဟုတ်သလို၊ မကြိုက်ဘူး
လို့ ငြင်းဖို့လည်း အားနာ နေမှာ မဟုတ်
ပါဘူး။ ဒါကြောင့် သူတို့တွေက မကောင်း
တာကို မကောင်းပါဘူးလို့ အမှန်အတိုင်း
ပြောပြီး ပြုပြင်ဖို့အတွက် စိတ်ရင်းနဲ့
အကြံပေး တတ်တဲ့ သူတွေပါ ။

☀ Thinkerလေးတွေ ☀

ကျိုးကြောင်းဆီလျော်အောင်စဉ်းစားတဲ့
နေရာမှာ သူများတွေထက် သာလွန်
နေပြီး ခံစားမှုလည်းအားကောင်းတဲ့
သူတွေဖြစ်ပါတယ် ။

နေ့စဉ်နေ့တိုင်း အလုပ်တစ်မျိုးတည်းကိုပဲ
ထပ်ခါ တလဲလဲ လုပ်နေရတာမျိုး ကို
အင်မတန် ငြီးငွေ့ တတ်ကြပြီး
စည်းမျဉ်းတွေ နဲ့ ဘယ်လိုမှ
အသား မကျ တဲ့ မနေနိုင်
ကြတဲ့သူတွေဖြစ်ပါတယ် ။

လူတွေရဲ့ အမြင်ကိုပြောင်းလဲသွားအောင်
တဖြည်းဖြည်း ကြိုးစား တတ်ကြပြီး
လွတ်လပ်မှုကို ကိုယ်တိုင် ဖန်တီး
ယူတတ်ကြပါတယ် ။

☀ လူမှာ အဝတ် တောင်း မှာ အကွပ် ☀

ဘယ်သူနဲ့ဘယ်လိုပုံစံလိုက်ဖက်မယ်ဆိုတဲ့
ဖက်ရှင် အမြင်မျိုး ရှိရုံမက ဘာနဲ့ ဘာလေး
တွဲဝတ်ရင် ပိုလှမယ် ဆိုတာ မျိုးလည်း မြင်
တတ်ကြပါတယ်။ အဝတ်အစားပုံစံအမျိုးမျိုး
ကို လိုက်ဖက်အောင် တွဲစပ်တဲ့ နေရာမှာ
တခြားသူတွေထက် ပိုအမြင်ရှိတဲ့သူတွေ
ဆိုလည်း မမှားပါဘူး ။

သူတို့ ကို ကြည့်လိုက် ရင်တော့
ကောင်းကောင်း မွန်မွန် ဝတ်စား
ထားတဲ့ အချိန် ဆိုတာ ရှားပြီး ၊
ဖရိုဖရဲ ဖြစ်နေတာ က ပိုများ
နေတတ်တဲ့အပြင် အိမ်
နေရင်း အင်္ကျီ နဲ့လည်း
အပြင် ထွက်ရင် ထွက်
တဲ့ သူမျိုးပါ ။

☀ အထူးပြု စူပါ ပါဝါ ☀

ထင်ရှားတဲ့ အချက်တစ်ခု ကတော့ ခေါင်းမာ
တာပါပဲ။ ခေါင်းမာ သလောက်လည်း သူတို့
ရဲ့ ခံယူချက်နဲ့ပတ်သက်လို့ မပြောင်းလဲဘဲ
ရပ်တည်နိုင်တဲ့ သူတွေ စိတ်ဓာတ် ခိုင်မာတဲ့
သူတွေပေါ့။ ကိုယ်လုပ်ချင် တာ၊ ဖြစ်ချင်တာ
ကို ဘယ်တော့မှလက်မလျှော့ဘဲ မရရတဲ့
နည်းနဲ့ ရအောင် လုပ်တတ်တဲ့ သူတွေ
ဖြစ်တယ်။ သူတို့ရဲ့ ထူးခြားချက် က
ကိုယ်ပိုင်အမြင်၊ ကိုယ်ပိုင်ခံယူချက်မျိုး
ရှိပြီး လူတွေရဲ့အမြင်၊အပြောတွေနဲ့
ဝေဖန်ချက်တွေကို လုံးဝ လုံးဝ
ဂရုမစိုက်ဘဲနေနိုင်တာပဲ
ဖြစ်ပါတယ် ။

☀ အနစ်နာခံ ကြင်နာ တတ် ☀

သဘောထားကြီးပြီး ခွင့်လွှတ်တတ်တဲ့
သူတွေပါ။ သူတို့အပေါ် မကောင်းခဲ့ဖူး
တဲ့သူတွေက အကူအညီလာတောင်း
ရင်တောင် ပေးလိုက်ဖို့ အသင့်ရှိ
တတ်တဲ့သူတွေဖြစ်ပါတယ် ။

☀ ချစ်ခရီးဖော် အပေါ် လိုအင် ဆန္ဒ ☀

သူတို့ကို ချစ်သူ တော်မိထားတယ် ဆိုရင်တော့
သူသင့်ကို ရိုး မသွားစေဖို့အတွက်Open Book
လို မနေပါနဲ့ ။ အမြဲတမ်း သူ့က ဘာဖြစ် မလဲ ၊
ဘာလုပ်မလဲ ဆိုပြီး ခန့်မှန်း နေရတာမျိုးပဲ
ဖြစ်ပါစေ။သူပြောတဲ့ စကားလုံး တိုင်းကို
သေချာနားထောင်ပေးပါ ။

သူ့ အတွက် သင် က ချစ်သူ တစ်ယောက်
အနေ နဲ့ တင် မဟုတ်ပဲ အားပေးဖော်
လက်တွဲဖော် တစ်ယောက် အဖြစ်
နေပေးလိုက်ပါ။ သင့်ရဲ့ ရိုးသားမှု၊
ဂရုစိုက်မှုတွေနဲ့ ချည်နှောင်ထား
လိုက်ပါ။သင်မှသင်ဖြစ်နေပြီး
ဘယ်တော့မှ ထားသွားမှာ
မဟုတ်ပါဘူး ။

☀ ချစ်တတ်ကြပုံ ☀

အချစ်တတ်ဆုံး ချစ်သူတွေ ပါ ။ တကယ်ပဲ relationships နဲ့ ပတ်သက် လာရင်
အားကြိုး မာန်တက် ကြိုးစား တတ်
သူတွေပါ။ တည်ဆောက်ပြီးသွားပြီ
ဆိုတာနဲ့ အတတ်နိုင်ဆုံး မပြိုကွဲ
အောင် ထိန်းသိမ်း တတ်သူ
တွေပါ ။

လူတွေနဲ့ပေါင်းသင်းဆက်ဆံရာမှာလည်း
တကယ်ေ တ်ာတဲ့ သူတွေပါ ။ ချစ်သူ ကို
အနိုင်ယူဖို့ ထက် အားပေး ဖို့ကို ပိုအား
သန်တဲ့ ချစ်သူကောင်းလေးတွေပါ။ဒိတ်
လုပ်ရတာကို ကြိုက်တယ်။ရိုမန်တစ်
ဆန်တာတွေကို ကြိုက်တတ်
သူတွေပါ ။

☀ တိတ်တခိုး ချစ် ☀

တခြားသူတွေ အပေါ် စိတ်ဝင်စားမှု နည်းပြီး
ကိုယ့်စိတ်ကူးနဲ့ကိုယ်နေတတ်ကြတဲ့သူတွေ
ဖြစ်ပါတယ် ။ တစ်ယောက်ယောက် ကို
အမှတ်မထင် ချစ်မိသွား တတ်ပြီး ကိုယ်
ချစ်မိနေပြီဆိုတာကိုဝန်ခံဖို့ ခေါင်းမာမာ
နဲ့တင်းခံနေတတ်ကြပါတယ် ။
ချစ်မိသွားတဲ့စိတ်က ဘယ်လိုမှ
တားလို့မရ အောင်ဖြစ်နေရင်
တောင် ဘာမှမဖြစ်သလို
နေနိုင်ကြတဲ့ သူတွေပါ ။

☀ တိတ်တခိုး ကြိတ်ဆိုး ☀

လွတ်လွတ်လပ်လပ်နေရတာကြိုက်ပြီး
စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ဖို့
လုံးဝဝန်မလေးတဲ့သူတွေပါ။ အပြင်ပန်း
ကြည့်ရင် အရမ်းကိုပေါ့ပါးနေတဲ့ ပုံစံမျိုး
ရှိပြီး တစ်ဖက်သား ကို ဖိစီးမှု မပေးမိ
အောင် နေတတ်တဲ့ သူတို့တွေဟာ

ဥာဏ်ကောင်းလွန်း၊ ပြဿနာဖြေရှင်း ရာမှာ
တော်လွန်း ပေမယ့် တခါတလေ ကိုယ့်
ကိုယ်ကို အသုံးမကျတဲ့သူတွေလို့ ခံစား
ရတတ်ပြီး အဲ့ဒီလို ခံစားရတဲ့ အချိန်မျိုးမှာ
ဘာကိုမှစိတ်မရှည်၊ ဘာကိုမှ အကောင်း
မြင်လို့ မရတော့ဘဲ အလိုလိုနေရင်း
စိတ်တိုနေတတ်ပါတယ်။

☀ ဘွင်းဘွင်း ရှင်းရှင်း သမား ☀

အရမ်းကိုရိုးသားတဲ့ သူတွေပါ။ တစ်ဖက်လူ
ဘယ်လိုခံစားရမလဲဆိုတာကို စဉ်းစားချိန်
တောင် မရလိုက်ခင်မှာပဲ အမှန်တရား
ကိုပြောပြီးသွားပါပြီ။

အမှန်တရားကို လက်မခံ နိုင်ပဲ သူတို့ကို
အကြံဥာဏ်တွေ၊ ဝေဖန်တာတွေ မလုပ်
ခိုင်းပါနဲ့။ သူတို့ဆီက ထွက်လာတဲ့အမှန်
တရားဟာ သင့်ကိုတောင် စိတ်ဓာတ်ကျ
သွားစေနိုင်လို့့ပါပဲ။ ဒါကြောင့် မှန်ကန်တဲ့
ဝေဖန်မှုတွေကို လိုချင်မှသာ သူတို့ကို
ဝေဖန်ခိုင်းသင့်ပါတယ်။ သူတို့ပြော
သမျှဟာ အမှန်ပါပဲ။

☀ သွေးသောက် ရောင်းရင်း ကောင်း ☀

သူငယ်ချင်းရဖို့ အားထုတ်ကြိုးစားတတ်တဲ့
သူတွေမဟုတ်ပါဘူး။ သူတို့ကိုယ်သူတို့ပဲ
စိတ်ဝင်စားပြီး တစ်ယောက်တည်း နေရ
လည်း အေးအေးဆေးဆေး ပါပဲ။

ဒါကြောင့် သူငယ်ချင်းဆိုလို့ အရင်တည်း
က ပေါင်းသင်းလာတဲ့သူငယ်ချင်းဟောင်း
တချို့လောက်ပဲရှိပြီး အဲ့ဒီသူငယ်ချင်းတွေနဲ့
လည်း မိသားစုတွေလိုဖြစ်နေတာမျိုးပါ။
ဒါပေမယ့် သင့်အနေနဲ့ သူတို့တွေနဲ့
သူငယ်ချင်းဖြစ်ခွင့်ရရင် အရမ်း
ကံကောင်းတယ်လို့
ယူဆရမှာပါ၊

ဘာလို့လဲဆိုတော့ သင်လိုအပ်လာရင်
ဘာမဆိုလုပ်ပေးဖို့ ၊ ဘာမဆိုပေးဖို့
ဝန်မလေးတတ်ကြလို့ပါ။

☀ အရိုးထဲ ထိအောင် ချစ်တတ်သူ ☀

ဘယ်လိုပုံစံမျိုးမှကြိုက်တယ်ဆိုပြီး Ideal
type မျိုးမရှိတတ်ကြဘဲ လူတစ်ယောက်
ကို အကြောင်းမဲ့ သဘောကျပြီး ချစ်မိ
သွားတတ် ကြတဲ့ သူတွေပါ ။

အချစ်နဲ့ပတ်သက်လို့ အရူးအမူး သေ
လောက်အောင် ချစ်တတ်ကြ ပေမယ့်
သူတို့ ချစ်တာကိုတော့ တစ်ပိုင်းတစ်စ
ပဲထုတ်ပြတတ်ကြတာကြောင့် တခြား
လူတွေက သူတို့ကို မချစ်တတ်ကြဘူး
လို့ ထင်နေတတ်ပါတယ် ။

ဒါပေမယ့် သူတို့ရဲ့တကယ်ရင်ထဲက အချစ်
တွေကို သိလိုက်ရရင်တော့ အားလုံးအံ့သြ
သွားရလောက်အောင်ကို ချစ်တတ်ကြတဲ့
သူတွေမို့ သူတို့ကိုပိုင်ဆိုင်ထားတဲ့
သူတွေက ကိုယ့်ချစ်သူကို
လက်လွှတ်မခံပါနဲ့နော် ။

☀ သူ ကြိုက်တဲ့ ချစ်သက်လက်ဆောင် ☀

လူတွေ အများကြီး ရှိတာမျိုး ကို မကြိုက်တာ
ကြောင့် သူတို့ရဲ့ပျော်ရွှင်မှုတွေနဲ့ပတ်သက်
လို့လူတွေမသိလေပိုကြိုက်လေဖြစ်ပါတယ်။
လူတွေကြားထဲမှာ surprises လုပ်ပေးတာ
မျိုးထက် အမှတ်တရ ပစ္စည်းလေးတွေ ကို
မထင်မှတ်ဘဲ ပေးတာမျိုး၊ စာလေးတွေ
ပို့ပေးတာမျိုးကို ပိုနှစ်သက်ကြပါတယ်။

☀ ချစ်တတ်လွန်းသူ ☀

စိတ်ဝင်စားစရာ အရမ်းကောင်းတဲ့ သူတွေပါ။
ပျင်းခြောက်ခြောက်ဖြစ်ရတာကို လုံးဝမကြိုက်
တာကြောင့် သူတို့နဲ့တွဲတဲ့သူတိုင်းဟာ လုံးဝ
မငြီးငွေ့ ရပါဘူး ။ အသစ်အဆန်း တွေနဲ့
အမြဲတမ်း ဆွဲဆောင် နိုင်တဲ့ သူတွေ
ဖြစ်တာကြောင့် ချစ်သူရဲ့ ရိုးမသွား
နိုင်တဲ့ ချစ်ခြင်းတွေကို ပိုင်ဆိုင်
ထားသူတွေပါ ။

☀ နားလည်ရ ခက်တဲ့ ကလိတိတိ ရိတိတိ ☀

တခါတရံမှာ အကောင်းဆုံး ဖြစ်အောင်
နေချင်တဲ့ စိတ် ရှိတာကြောင့် ဘေးနား
က လူတွေ ကိုလည်း အကောင်းဆုံး
ပြောဆိုဆက်ဆံကြပြီး၊ တခါတလေ
ကျတော့လည်း ဆိုးတော့လည်း
ဘာဖြစ်လဲဆိုပြီး အရွဲ့တိုက်ချင်
စိတ်မျိုးဖြစ်တတ်တာကြောင့်
ဘေးလူတွေကိုလည်း
အရွဲ့တိုက်ဆက်ဆံ
တတ်ကြပါတယ် ။

အကောင်းမြင်စိတ်လေး ရှိနေချိန်မှာ
အဆုံးစွန် သည်းခံ တတ်ကြပေမယ့်
အရွဲ့တိုက်ချင် စိတ် ရှိနေပြီ ဆိုရင်
တော့ ဘယ်သူတွေ ဘယ်လို ထင်
ထင် လုံးဝဂရုမစိုက်တော့တာမျိုးပါ ။

☀ အထီးကျန် ချစ် ☀

လွယ်လွယ်နဲ့လည်း မချစ်တတ်သလို ချစ်မိ
သွားရင်လည်း ငြီးငွေ့လွယ်တဲ့သူတွေ
ဖြစ်ပါတယ်။ ကိုယ့်ကို စိတ်လှုပ်ရှား
စေတဲ့သူမျိုးကို သဘောကျတတ်ပြီး
တစ်ဘဝလုံးစာ ရည်ရွယ်ပြီးချစ်ခဲ့
ရင်တောင် သူတို့ကို ထိန်းချုပ်ဖို့
ကြိုးစားတာမျိုး၊ လိုက်ချုပ်ချယ်
တာမျိုးလုပ်ရင် ချက်ချင်း
စိတ်ကုန်သွားတတ်
ပါတယ် ။

ဒါကြောင့် ချစ်ရမှာကြောက်တာမျိုးထက်
ကိုယ့်စိတ်အပြောင်းအလဲဖြစ်တတ်တာ
ကိုသိလို့ တစ်ယောက်တည်းနေဖို့
ဆုံးဖြတ်ကြတဲ့သူတွေဖြစ်ပါတယ် ။

☀ မျက်နှာ ပွင့်လန်း အံ့မခန်း စန်း ☀

သူတို့အနားမှာရှိတဲ့သူတွေကို မပျင်း
ရအောင် ခံစားချက် မျိုးစုံ ပေးစွမ်းနိုင်
တဲ့သူတွေပါ။ စိတ်ညစ် နေတဲ့ သူကို
စိတ်ပျော်သွားအောင်လုပ်ပေးနိုင်စွမ်း
ရှိသူတွေဖြစ်ပြီး သူတို့နဲ့ရှိတဲ့အချိန်
တွေမှာ စိတ်ဖိစီးမှုတွေပျောက်ကင်း
အောင်၊ စိတ်အင်အားတွေပြန်ပြည့်
လာအောင်လုပ်ပေးနိုင်တဲ့သူတွေ
ဆိုလည်း မမှားပါဘူး ။

စတွေ့တွေ့ချင်းအချိန်မှာတောင် သူတို့ကို
စိတ်ပျက်သွားတဲ့ သူရယ်လို့ မရှိဘဲ
သဘောကျသွားတာမျိုးပဲရှိတာပါ ။

သူတို့ အနားမှာ နေဖို့ ဘယ်သူ့ ကိုမှ ဆွဲ
မထားတတ်သလို၊ သူတို့ကြောင့်စိတ်ဖိစီး
မှုဖြစ်အောင်လည်း လုပ်မှာမဟုတ်ပါဘူး ။
ဘယ်သူ့အတွက်မဆို သူငယ်ချင်းကောင်း
တစ်ယောက်ဖြစ်ဖို့အမြဲအသင့်ရှိနေတဲ့ သူ
တွေပါ ။

အရမ်းခင်မင်လို့ကောင်းတဲ့သူတွေပါ။
သူတို့အနားမှာနေရတာ ဘယ်တော့မှ
ပျင်းတယ်၊ ရိုးတယ်ဆိုတာ မရှိပါဘူး။
လူတွေကို အကောင်းမြင်ပေးနိုင်စွမ်း
ရှိပြီး ဘယ်သူနဲ့မဆိုတည့်တဲ့သူတွေပါ။

သူငယ်ချင်းအသစ်၊ မိတ်ဆွေအသစ်တွေနဲ့
စကားပြောရတာ၊ လျှောက်လည် ရတာမျိုး
တွေကို သဘောကျတဲ့သူတွေပါ။သူတစ်ပါး
ကို ကူညီချင်စိတ်အပြည့်ရှိပြီး အပြောထက်
လက်တွေ့နဲ့ကူညီတတ်သူတွေပါ ။

☀ ဘာမထီဘွားများ ☀

သင်ဘာပဲသွားပြောပြော သူတို့က
တုန်လှုပ်မယ့်သူတွေမဟုတ်ပါဘူး။
မကောင်းတဲ့ တိုက်ခိုက်မှု တွေ ကို
ဂရုစိုက်နေမှာ မဟုတ်သလို ၊ သူတို့
ကောင်းကြောင်းတွေပဲပြောပြီး ချီးမွမ်း
မြှောက်ပင့်နေမယ်ဆိုရင်လည်း
အောက်ခြေလွတ်နေမှာ
မဟုတ်ပါဘူး ။

သင့် အနေ နဲ့ ဘယ်လို ပုံစံ မျိုးပဲ လုပ်လုပ်
သူတို့ရဲ့တုံ့ပြန်ပုံကအမြဲတမ်းတစ်သမတ်
တည်း တစ်မျိုးတည်းပါပဲ။ တော်တော်လေး
ကို ဂရုမစိုက်တတ်တဲ့ သူတွေပါ ။

☀ ဂါ း း း ? ( ? စိတ်ဆိုး နေသည် ? ) ☀

စိတ်ထဲ မကျေနပ်စရာ ကိစ္စ တစ်ခုခု
ရောက်သွားပြီဆိုရင် မကျေမနပ်တွေ
ဖြစ်ပြီး စိတ်ကောက် တတ်ပါတယ် ။
သူတို့ စိတ်ထဲ ဘ၀င်မကျတာတွေ
ရှိနေသေးရင် စိတ်ကောက်ပြေ
အုံးမှာ မဟုတ်ပါဘူး ။

မိသားစု ကို ဖြစ်ဖြစ်၊ မိတ်ဆွေ သူငယ်ချင်း
ကို ဖြစ်ဖြစ် ၊ ချစ်သူ ကို ဖြစ်ဖြစ် လွယ်လွယ်
နဲ့ စိတ်ကောက် မပြေ တတ်တဲ့ မာနခဲတွေ
ဖြစ်ကြ ပါတယ် ။

☀ လက်တကမ်း အကွာ က ပန်းတိုင် ☀

အိပ်မက် အကြီးကြီး မက်တတ်တဲ့ သူတွေ
ဖြစ်ပြီး အဲ့ဒီအိပ်မက်တွေနဲ့ ပတ်သက်လို့
ဘယ်တော့မှ လက်မလျှော့ တတ်ဘဲ
ဖြည်းဖြည်းချင်း ကြိုးစား တတ်တဲ့
သူတွေပါ ။

သူတို့ရဲ့အားသာချက်က စိတ်အေးအေး
ထားနိုင်တာ၊ ဘယ်အရာမဆို အပေါ်စီးက
မြင်နိုင်ပြီး သူများ နဲ့ မတူတဲ့ ရှုထောင့်တွေ
ကနေ တွေးတော စဉ်းစား တတ်တာ ၊
ဘယ်သူတွေ ဘာပြောပြော၊ ဘယ်လိုပဲ
တိုက်ခိုက်တိုက်ခိုက် ကိုယ်တွေးထားတဲ့
လမ်းကြောင်း အတိုင်း တစ်ဆင့်ချင်း
အကောင်အထည်ဖော်တတ်တာတွေ
ဖြစ်ပြီ အဲ့ဒီအချက်တွေ ကြောင့်ပဲ
တခြားလူတွေက သူတို့ကို
မယှဉ်နိုင်တာပါ ။

☀ တွေးပူ ရတဲ့ အကြောင်းတရား ☀

ချစ်တဲ့ သူ ကို ဆုံးရှုံး မှာ ကြောက်တယ်

သူတို့တွေဟာ relationship ကို ရေရှည်
တည်မြဲဖို့ အတွက် အလုံးစုံပုံအပ်ထားသူ
တွေပါ။ သူတို့ရဲ့အဆိုးဆုံးစိုးရိမ်မှုအပေါ်
မူတည်ပြီးဆောင်ရွက်ဖို့လိုအပ်ပါတယ်။

တစ်နေ့နေ့မှာတော့ သေခြင်းကဲ့သို့သော
အရာက ချစ်တဲ့သူတွေနဲ့ ခွဲနိုင်တယ်ဆိုတဲ့
အမှန်တရား ကို လက်ခံဖို့ လိုအပ်ပြီး
လက်ရှိ အချိန် မှာ အပျော်ရွင်ဆုံး နဲ့
relationship ကို အကောင်းဆုံး
တည်ဆောက် သင့်ပါတယ် ။

☀ စိတ်ရော ကိုယ်ပါ အနား ရစေ ဖို့ ☀

စိတ်မြန်လက်မြန်ရှိပြီး အလုပ်တစ်ခုမဟုတ်
တစ်ခု လုပ်နေ ရမှ နေတတ် တဲ့ သူတွေပါ ။
သူတို့ခေါင်းထဲမှာလည်း အချိန်တိုင်းလိုလို
အတွေးတွေနဲ့ ပြည့်နေ တတ်တာကြောင့်
အမြဲတမ်းပင်ပန်းနေသလို ခံစားနေရတတ်
ပါတယ် ။ ဒါကြောင့် တစ်ရက်လောက်
ဘာမှ မလုပ် ၊ ဘာမှ ထွေထွေ ထူးထူး
မတွေးတောဘဲ အေးအေးဆေးဆေး
လေး နေလိုက်တာက အကောင်းဆုံး
အနားယူတဲ့ နည်းလမ်း ပါပဲ ။

☀ ဒီလိုလေး ချစ်မိ တတ်တယ် ☀

ဘာကိုမှ ဂရုမစိုက် တတ်တဲ့ ပုံစံမျိုး ရှိပြီး
လူ တစ်ယောက် ကို လွယ်လွယ် မချစ်
တတ်ပါဘူး။ ချစ်မိသွားပြီ ဆိုရင်လည်း
ချစ်သူ အတွက် အရာရာ ပေးဆပ်
စွန့်လွှတ် ရဲတဲ့ သူမျိုးပါ ။

သူတို့ အပေါ် အမှားတွေ ကျူးလွန် ပေမယ့်
ခွင့်လွှတ် တတ်ပြီး ကိုယ် ချစ်တဲ့ သူ ကို
လက်မလွှတ် ရအောင် ကြိုးစား တတ်
ပါတယ်။ ဒါပေမယ့် သူတို့ကိုလိမ်တာ
ကိုတော့ အရမ်း မုန်းပြီး လုံးဝ
ခွင့်မလွှတ် နိုင်ပါဘူး ။

သူတို့ကို လိမ်ညာ ထားတာကို သိသွားရင်
ဘယ်လောက်ပဲ ချစ်ချစ် လုံးဝ လှည့်မကြည့်
ဘဲ နေနိုင် ပါတယ် ။ ကိုယ့် ချစ်သူ ကို
ဘယ်လောက်ချစ်လဲဆိုတာ စိတ်ရင်း
အတိုင်း ဖော်ပြဖို့ ဝန်မလေး တတ်
ပေမယ့် အသည်း ကွဲရင်တော့
လူသိမခံဘဲ တိတ်တိတ်လေး
ခံစားတတ်တဲ့ သူတွေ
ဖြစ်ပါတယ် ။

သူတို့ကို ပေးလာတဲ့ အချစ်တွေ
ကို လွယ်လွယ် မဆုံးရှုံး ရအောင်
အစွမ်းကုန် ကြိုးစား တတ်ကြ
တဲ့ သူတွေပါ ။

☀ နားလည် ရ ခက်တဲ့ ချစ် ဘာသာ ☀

တစ်စုံတစ်ယောက်ရဲ့ရွေးချယ်မှုမဖြစ်ချင်ဘူး၊
ပထမဦးစားပေးပဲဖြစ်ချင်တယ်။ တစ်ယောက်
ယောက် နဲ့ နှိုင်းယှဉ်ပြီး ရွေးချယ် ခံရတာ မျိုး
အရမ်းမုန်းတာကြောင့် အဲ့ဒီလိုအခြေအနေမျိုး
မကြုံချင်လို့ ဘယ်သူ့ကိုမှမချစ်မိအောင်
နေတတ်ကြပါတယ်။ ဒါပေမယ့် သူတို့
ဘယ်လောက်ပဲ မချစ်မိအောင်ရှောင်
နေနေ နောက်ဆုံးမှာတော့ သူတို့ကို
ပထမ ဦးစားပေး အဖြစ် အမြဲတမ်း
သဘောထားတဲ့ တကယ်ချစ်တဲ့သူ
နဲ့ တွေ့သွား တတ်ပါတယ် ။

 

Credit: https://www.facebook.com/Jotika-Online-Book-Shop-102064448975538/photos/pcb.104250822090234/104250262090290/

© Copyright 1998-2022 All rights reserved by Myanmar Net Media, မြန်မာနက် ဆော့ဝဲ ကုမ္ပဏီလိမိတက်