☀ ပြေပြေလည်လည် ☀
တစ်ယောက်တည်းပျော်ရွှင်ရတာထက်
ကိုယ့် မိသားစု ၊ သူငယ်ချင်းတွေ ပါ
ပျော်ရွှင်တဲ့ ဘဝမျိုးကို လိုချင် ကြတဲ့
သူတွေပါ ။ ဘေးလူတွေပါ ပျော်ရွှင်
မှ သူတို့လည်း စိတ်ချမ်းသာနိုင်တဲ့
အတ္တနည်းလွန်းတဲ့သူ၊ အေးချမ်းမှု
ကိုလိုလားတဲ့သူတွေဖြစ်ပါတယ် ။
ဒါကြောင့် မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ
နဲ့ အငြင်းပွားတာမျိုး၊ ရန်စကားပြောတာမျိုး
တွေကို လုံးဝရှောင်ရှားတတ်တဲ့ သူတွေပါ ။
☀ လေ့လာ တဲ့ စာပေ ☀
စိတ်ထိခိုက်လွယ်သလို နှလုံးသား ခံစားချက်
မြင့်မား ပြင်းထန် တဲ့ သူတို့တွေ ကတော့
မှတ်တမ်းမှတ်ရာဆန်တဲ့ ရသစာအုပ်တွေ
အဖတ် များလေ့ ရှိပါတယ် ။ သူတို့ စိတ်
ခံစားချက်ကို လှုံ့ဆော်ပေးနိုင်တဲ့ ရသ
ဝတ္ထုတွေကို အခြား စာအုပ်တွေထက်
ပိုပြီး သဘောကျ နှစ်သက်ကြ
တတ်သူတွေပါ ။
☀ အထူးပြု စူပါ ပါဝါ ☀
ဖြတ်ထိုးဥာဏ် ကောင်းလွန်းပြီး ပြဿနာေ ဖြရှင်း
နိုင်စွမ်း ကောင်းလွန်းတဲ့ သူတို့တွေ ကတော့
လူတွေဆီ က အကူအညီရဖို့မျှော်လင့်နေမှာ
မဟုတ်တဲ့ ၊ ကိုယ့် ခြေထောက်ပေါ် ကိုယ်
ရပ်တည်နိုင်စွမ်းရှိတဲ့သူတွေပါ။ လုပ်သမျှ
အရာ ထင်တဲ့အထိ ကံကောင်းတတ်တဲ့
သူတွေ ဖြစ်ပြီး ကိုယ့်စိတ်ထဲမှာ ကျရှုံး
တော့မယ်လို့ တွေး ထားတဲ့အခါမျိုး
မှာတောင် အောင်မြင်မှုတွေရတတ်
ပါတယ်။ သူတို့ရဲ့ စူပါပါဝါကတော့
စိတ်ထဲမှာတွေးလိုက်ရုံ နဲ့ တစ်ဝက်
တိတိအောင်မြင်ပြီးသားဖြစ်နေတာ
ပါပဲ။ စိတ်ကူးကောင်းတယ်လို့
ဆိုရမှာပေါ့ ။
☀ အနစ်နာခံ ကြင်နာ တတ် ☀
အပြင်မှာထက် အိမ်ထဲမှာနေရတာကို ပိုကြိုက်
ကြပြီး မိသားစု၀င် တွေနဲ့ ပတ်သက် လာရင်
အနစ်နာခံ လွန်းတဲ့ သူတွေပါ ။ မောင်နှမ
သားချင်းနဲ့ပတ်သက်လို့ ဘယ်တော့မှ
ငြိုငြင်တာမျိုးမရှိဘဲ တတ်နိုင်သလောက်
ဖြည့်ဆည်းပေးတတ်တဲ့သူတွေ
ဖြစ်ပါတယ် ။
☀ တပါးသူ ပျော်ပါစေကြောင်း ☀
ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် စိတ်သက်
တောင့်သက်သာဖြစ်စေမယ့်၊ ရယ်ရတဲ့
အကြောင်းရင်းမျိုးကို တွေ့အောင် ရှာ
နိုင်တဲ့သူတွေပါ။ တစ်ခုခုကိုတွေးပြီး
စိတ်ဆင်းရဲနေတာမျိုး လုံးဝ မရှိဘဲ
ဘာတွေပဲ ဖြစ်လာဖြစ်လာ ပေါ့ပါး
သွားအောင်၊ ရယ်မောနိုင်ကြ
သူတွေဖြစ်ပါတယ် ။
☀ အားနာစိတ်လေး ☀
ရေငုံနှုတ်ပိတ်နေတတ်သူတွေဖြစ်ပါတယ် ။
သူတို့ရဲ့ အားနာစိတ် က ကြီး ပါတယ် ။
အားနာစိတ်ကြီးတာကြောင့် သူတို့
ကိုယ်တိုင်လည်း သက်တောင့်
သက်သာရှိမနေပါဘူး။ တစ်ခုခု
ဆိုလည်း အားနာစိတ်ကြီးတာ
ကြောင့် ပြန်မပြောဘဲ ရေငုံ
နှုတ်ပိတ် နေတတ်
ကြပါတယ် ။
☀ ချစ်ခရီးဖော် အပေါ် လိုအင် ဆန္ဒ ☀
သူတို့လိုချင်တာက အားပေးမှုနဲ့ ဂရုစိုက်မှုပါ။
သူလိုအပ်ချိန်တိုင်း အနားမှာ နေနေပေးတာ၊
သူ့ကို အမြဲတမ်း ဂရုစိုက် ပေးတာတွေ က
သူ့ နှလုံးသား ကို အပိုင် ကိုင်နိုင်မယ့်
နည်းလမ်းတွေလို့ ပြောလို့ရပါတယ် ။
သူဘယ်လို အရာမျိုးကို မကြိုက်ဘူး ။ ဘယ်လို
အပြုအမှုတွေက သူ့စိတ်ကို ဒဏ်ရာရစေတယ်
ဆိုတာကို သိအောင်လုပ်ပါ။သူ့ကို စိတ်ထိခိုက်
အောင်တော့ မလုပ်မိပါစေနဲ့ ။
☀ ကြင်ဖော်ဖက်ကောင်း ☀
စိတ်ပိုင်းဆိုင်ရာ အရမ်းကို ကြံ့ခိုင်ပြီးရင့်ကျက်
တဲ့သူတွေပါ။ အေးဆေးတည်ငြိမ်ပြီး ချစ်ရတဲ့
သူတွေအပေါ် ကြင်နာမှု၊ နွေးထွေးမှု အပြည့်
ပေးနိုင်တဲ့သူတွေပါ။ အိမ်ကိုအရမ်းခင်တွယ်
တဲ့ သူတွေ ဖြစ်ပြီး မိသားစု တစ်ခု ကို
တည်ဆောက် လိုက်ပြီ ဆိုရင်
သံယောဇဉ် အရမ်း တွယ်
တတ်တဲ့ သူတွေပါ ။
တစ်ဖက်သား ပျော်ရွှင် စိတ်ချမ်းမြေ့မှု ကို
အမြဲ လိုလား ပေးတဲ့ သူတွေ ဖြစ်တာ
ကြောင့် သူတို့ကို လက်ထပ် လိုက်တဲ့
သူဟာ ပျော်ရွှင် ရမှာပါ ။
☀ ချစ် ကပ်ပါးကောင် ☀
နူးညံ့တယ်၊ ခံစားလွယ်တယ် ဒါကြောင့်ပဲ
ပတ်ဝန်းကျင်ကလူတွေ၊ အရာတွေအပေါ်
စွဲလန်းတတ်ပါတယ် ။ ချစ်မိပြီ ဆိုရင်
ဘယ်တော့မှ နောင်တရတတ်တဲ့
သူတွေမဟုတ်ပါဘူး ။
သူ့ဖက်ကနေချစ်သူကို အစွမ်းကုန်ချစ်၊
ဂရုစိုက်၊ အချိန်ပေးသလောက် ချစ်သူ
ဆီကလည်း ဒီလိုတူညီတဲ့တန်ပြန်
သက်ရောက်မှုမျိုးကိုပဲ လိုချင်တဲ့
သူတွေပါ ။
သူတို့ကိုပစ်ထားတာမျိုးလုံးဝမကြိုက်ပါဘူး။
အချစ်ရေးမှာ အဆင်ပြေသာယာနေစေဖို့
အတွက် သူတို့ကိုအမြဲတမ်း အချိန်ပေး၊
ဂရုစိုက်မှကြိုက်ပါတယ် ။
☀ အတေး အမှတ် ကင်းသူ ☀
သူတို့တွေရဲ့ စိတ်က ခန့်မှန်းရ သိပ်ခက်
ပါတယ်။ သူတို့က ခဏလေးနဲ့ စိတ်ဆိုး
လွယ်သလို ခဏလေးနဲ့လည်း စိတ်ဆိုး
ပြေလွယ်ပါတယ်။ တစ်ယောက်တည်း
ကို ရှုပ်နေအောင် စိတ် က အမျိုးမျိုး
ဖြစ်လွယ်တတ်ကြပါတယ်။
ဒါကြောင့် သူတို့ဘက်နားနေတဲ့သူကတော့
စိတ်ရှည်ရသလို သည်းခံနိုင်တဲ့သူမျိုးမှ
ရမှာပါ ။ အကြောင်းကတော့ စိတ်
အမျိုးမျိုးဖြစ်လွယ်တတ်ကြလို့
ဖြစ်ပါတယ်။
☀ ခန္တီစတရား မြဲမြံသူ ☀
စဉ်းစား ဆင်ခြင် ဥာဏ် နဲ့ ပြည့်စုံပြီး
သဘောထားကြီး လွန်းတဲ့ သူတွေ
ဖြစ်ပါတယ် ။ ကိုယ် ယုံကြည် ရတဲ့
သူက ကိုယ့် အပေါ် သစ္စာဖောက်
တာမျိုး၊ ယုံကြည်မှုကို အလွဲသုံးစား
လုပ်တာမျိုးတွေ ကြုံခဲ့ ရင်တောင်
နောက် တစ်ကြိမ် ထပ်ပြီး
ယုံကြည် ပေးဖို့ ကြိုးစား
တတ်ကြ ပါတယ် ။
☀ အရိုးထဲ ထိအောင် ချစ်တတ်သူ ☀
သူတို့ရဲ့အချစ်စိတ်က သူတို့လုပ်သမျှ
အရာတိုင်းကိုလွှမ်းမိုးနေတတ်ပြီး၊ ဘ၀
အောင်မြင်မှု ရဖို့အရေးကြီး သလိုပဲ
ချစ်တဲ့သူနဲ့ဆုံစည်းခွင့်ရဖို့လည်း
အရေးကြီးတဲ့အရာတစ်ခု
ဖြစ်ပါတယ် ။
သူတို့ကတော့ ချစ်တတ် သလောက်
သူတို့ရဲ့အချစ်တွေ ကို ထုတ်ပြတတ်
တဲ့၊ ချစ်သူကို အသေးစိတ်ဂရုစိုက်
တတ်တဲ့သူတွေဖြစ်ပါတယ် ။
ကိုယ်ချစ်တဲ့သူတွေကို အကောင်းဆုံးတွေ
မပေးလိုက်ရမှာမျိုး၊ ဂရုမစိုက်မိလိုက်တာမျိုး၊
ထိခိုက်အောင် လုပ်မိမှာမျိုး ကို အရမ်း
ကြောက်တတ်ပြီး ကိုယ်ချစ်တဲ့သူတွေ
ကိုယ့်ကြောင့် ပျော်ရွှင် စေချင်တယ် ၊
ကိုယ့်ဘက်က ပေးဆပ်နေရတာကို
ကျေနပ်နေတတ်တဲ့သူတွေ
ဖြစ်ပါတယ် ။
☀ အထီးကျန် ချစ် ☀
စိတ်ကူးယဉ် အဆန်ဆုံး၊ စိတ်ထိခိုက်
လွယ်ဆုံး သူတွေဖြစ်ပြီး အချစ်လည်း
ကြီးကြသူတွေဖြစ်ပါတယ်။ ဒါပေမယ့်
ကိုယ့်ကိုချစ်မယ့်သူ တစ်ယောက်မှ
မရှိရင်လည်း အကောင်းဆုံး
ရှေ့ဆက်သွားဖို့ပဲ စဉ်းစား
ကြတဲ့ ဥာဏ်ကြီးသူတွေ
လည်းဖြစ်ပါတယ် ။
ဒါကြောင့် ချစ်ရမယ့် သူရှိလာရင် အကောင်းဆုံး
ချစ်ပေးဖို့ကြိုးစားကြပြီး ဘယ်သူမှမရှိရင်လည်း
ကိုယ့်ဘဝကိုအကောင်းဆုံးဖြစ်အောင်
ကြိုးစားနေထိုင်ကြသူတွေပါ ။
☀ တွေးပူ ရတဲ့ အကြောင်းတရား ☀
အထီးကျန်မှာ ကို ကြောက်တယ်
စွန့်ပယ်ခံရတဲ့ နာကျင်မှုဟာ ခံရခက်ပါတယ်။
သူတို့တွေဟာ ယခုလိုမျိုး စွန့်ပယ်ခံရမှာကို
အရမ်းဂရုစိုက်နေတတ်ပြီး sensitive
ဖြစ်နေတတ်ပါတယ်။
သူတို့ရဲ့ ဖေ့ဘွတ်ကသူငယ်ချင်းတစ်ယောက်
unfollow လုပ်သွားရင်တောင်မှ စိတ်ထဲမှာ
အပြင်းအထန်ခံစားတတ်သူတွေပါ။
အချိန်ကြာလာနဲ့အမျှ စွန့်ခွာမှုတွေကနေ
ပိုကောင်းတာတွေ ရရှိ လာတဲ့ အတွက်
ကိုယ့်ကိုစွန့်ပစ်သူတွေကို ကျေးဇူးတင်
နေပါ လိမ့်မယ် ။
☀ စိတ်ရော ကိုယ်ပါ အနား ရစေ ဖို့ ☀
ကြင်နာ တတ်ပြီး တခြား သူတွေ ဘက်ကို
တွေးပေး တတ်လွန်း တာကြောင့် ကိုယ့်
အတွက် ကို ပြန်ကြည့် ဖို့မေ့နေ တတ်
ကြပါတယ် ။ ဒါကပဲ သူတို့ကို ပင်ပန်း
စေတဲ့ အကြောင်းရင်း ဖြစ်နေတာပါ ။
ဒါပေမယ့် သူတို့ ရဲ့ စိတ် ခံစားချက်
အရ တခြား သူတွေ ကို ကူညီ ပေး
တာက ပင်ပန်းမှုတွေကို ပျောက်စေ
တဲ့ နည်း ဖြစ်နေ ပါတယ် ။
☀ တဘွစာ အာမခံ ချစ်တတ်သူ ☀
ရိုမန်တစ်ဆန်ဆန် ချစ်တတ်တဲ့၊ ချစ်သူပျော်ဖို့
ဆို ဘာမဆိုလုပ်ပေးဖို့ အဆင်သင့် ရှိနေတဲ့
သူတွေပါ။ အပျော်တွဲတာမျိုးကို အရမ်းမုန်းတဲ့
သူတွေဖြစ်ပြီး သူတို့ကိုအပျော်ကြံရင်လည်း
လုံးဝခွင့်လွှတ်မှာမဟုတ်ပါဘူး။ သူတို့ချစ်တဲ့
သူနဲ့ပတ်သက်တဲ့ အဆိုးအကောင်းမှန်သမျှ
လက်ခံနိုင်ပြီး အချစ်ရေးကို ရေရှည်ခိုင်မြဲ
အောင် ဘယ်လိုထိန်းသိမ်းရမလဲ
ကောင်းကောင်းနားလည်သူတွေ
ဖြစ်ပါတယ် ။
စာနာနားလည် တတ်လွန်းပြီး ချစ်တဲ့သူ
လိုအပ်တာတွေကို ဖြည့်ဆည်းပေး
တတ်တဲ့ တစ်ဘဝစာလက်တွဲဖို့
ရွေးချယ်သင့်တဲ့သူတွေပါပဲ ။
☀ လူကဲခပ် ကောင်းသူတွေ ☀
ထူးခြားတဲ့စိတ်စွမ်းအင်ကို ပိုင်ဆိုင်ထားတဲ့
သူတွေပါ။ အတွင်းစိတ်ထဲကနေ တစ်စုံ
တစ်ယောက်က အမြဲလိုလို ပြောပြ
နေသလိုမျိုးကို သိနေတာပါ။
သူတို့နဲ့ရင်းနှီးတဲ့သူတွေ သာမက သူစိမ်းတွေ
ရဲ့ စိတ်ကိုပါ ဖတ်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့်
သူတို့နဲ့ ဆက်ဆံတဲ့အခါ ရိုးသားဖို့လိုပါတယ်။
မဟုတ်ရင်တော့ သင့်အရှက် သင်ခွဲနေတာနဲ့
အတူတူပါပဲ ။
☀ နားလည် ရ ခက်တဲ့ ချစ် ဘာသာ ☀
စိတ်ခံစား လွယ်ပြီး နှလုံးသား နူးညံ့တဲ့ သူတို့
တွေက လူတစ်ယောက်အပေါ် ဂရုဏာသက်
လွယ်ပြီး တွယ်ငြိလွယ်တာကြောင့် တကယ်
ချစ်တာလား၊ ခင်မိပြီးသံယောဇဉ်ဖြစ်မိနေတာ
လား ကိုယ်တိုင် မကွဲပြား တာကြောင့် အချစ်
ဆိုတာကို ရှာတွေ့ ဖို့ ခက်နေတတ်ပါတယ် ။
☀ ပေးဆပ်ခြင်း အနုပညာ ☀
ဆတ်ဆတ်ထိ မခံတဲ့ ၊ စိတ်ခံစားချက် ကို
ရှေ့တန်းတင် လွန်းတဲ့ သူတွေပါ။ သူတို့
ဘေးကလူတွေစိတ်ညစ်ရင်လိုက်စိတ်ညစ်
တတ်ပြီး၊ ပျော်ရင်လိုက်ပျော်တတ်တဲ့စိတ်မျိုး၊
ဖွင့်ပြောစရာတောင်မလိုဘဲ တစ်ဖက်သားရဲ့
စိတ်ကိုနားလည်လွန်းတဲ့သူမျိုး၊ ကိုယ့်ကြောင့်
သူများစိတ်ညစ်မှာကို အလွန်ကြောက် တတ်
တဲ့သူမျိုးတွေပါ ။
☀ Cele ချစ်သူ ☀ ( မိန်းကလေး သီးသန့် )
တခြားသူတွေက ဒီမင်းသားကို သည်းသည်း
လှုပ်နေပြီ ဆိုရင် မကြိုက်သေးဘူး ၊ နောက်
တော့ ကြည့်ပါ များပြီး မင်းသား အပေါ်
တဖြည်းဖြည်း ပရိသတ် တစ်ယောက်
အနေ နဲ့ ရူးသွပ် သွားတာမျိုး
ဖြစ်ပါတယ် ။
ဇာတ်ကားကြည့်ကြည့်ချင်းမှာ ဒီမင်းသားက
အဲ့လောက်မချောပါဘူး ဆိုပြီးပြောတတ်ပြီး
ဇာတ်သိမ်းပိုင်း ရောက်တဲ့ အထိ တစ်ပိုင်း
မပြတ် ထိုင်ကြည့် နေတတ်ကြတဲ့ အထိ
တိတ်တိတ်လေး ရှုးသွပ်
တတ်ကြပါတယ် ။
credit: https://www.facebook.com/Jotika-Online-Book-Shop-102064448975538/photos/pcb.104250822090234/104250408756942