☀ အဖြူ ထည် ဘုကလန့် ☀
မျက်နှာကြောမာတဲ့အထဲမှာ ပါတတ်ကြ
ပါတယ်။ ဘေးလူ အမြင်မှာတော့ သူတို့
လုပ်စာ ထိုင်စား နေရသလို ရုပ်မျိုး ဆိုပြီး
အထင်ခံရသေးတတ်ပါတယ်။ တကယ်
တော့ နာမည်ကြီး ထမင်းငတ်တွေ
ဖြစ်ကြပါတယ် ။
☀ ဒေါ်ပွစိ & ဦးလျှာရှည် ☀
ငယ်ရွယ်စဉ်ကတည်းက လူတွေရဲ့
အာရုံစိုက်ခြင်းကို ခံရတဲ့သူတွေပါ။
ဒီလိုနဲ့ ကြီးပြင်း လာတဲ့ သူတို့ဟာ
ကြီးလာတဲ့ အခါ ပိုပြီးတော့
ဂရုစိုက်၊ အာရုံစိုက်ခံချင်
လာပါတယ် ။
အာဏာတွေ၊ ပါဝါတွေပြချင်လာပြီး
လူတွေရဲ့ ရိုသေလေးစားမှုကိုခံချင်
တဲ့သူတွေပါ။ ဒါကြောင့်ကြီးလာတဲ့
အခါ ငယ်တုန်းကထက်တောင်
ပိုပြီးစွာကြပါတယ် ။
☀ လေ့လာ တဲ့ စာပေ ☀
စိတ်ကူးဥာဏ် ကူးမြူးနိုင်စွမ်း အားကောင်းတဲ့
သူတို့တွေဟာ ဇာတ်လမ်းဇာတ်အိမ် ကြီးကြီး
မားမား နဲ့ ဝတ္ထုရှည်ကြီးတွေ ကို ဖတ်ရတာ
ကြိုက်တတ်တယ် ။
အချစ် အလွမ်း မဟုတ်ဘဲ မှော်ဆန်တဲ့
ဇာတ်လမ်းတွေ နဲ့ စူပါဟီးရိုးတွေ ပါဝင်
တတ်တဲ့ လျှို့ဝှက်ဆန်းကြယ် ဝတ္ထုရှည်
တွေကို ဖတ်လေ့ရှိကြပါတယ် ။
☀ လွှမ်းမိုး ချုပ်ကိုင် တတ်သူ ☀
လွယ်လွယ်နဲ့အရှုံးမပေးတတ်တဲ့ စိတ်ဓာတ်
ပြင်းထန်သူလေးတွေဖြစ်ကြပါတယ်။ အခြေ
အနေတွေကို ကိုယ့်စိတ်တိုင်းကျ ဖြစ်အောင်
ကြိုးစားအားထုတ်တတ်ကြပြီး တစ်ဖက်သား
ကို ကိုယ့်ဘက်ပါအောင်သိမ်းသွင်းတဲ့နေရာ
မှာ အလွန်တော်ပါတယ်။
ကိုယ်ဖြစ်ချင်တာကို ရှေ့တန်းတင်ပြီးပြော
တာမျိုးမလုပ်ဘဲ တစ်ဖက်သားစိတ်ကကို
သူတို့ဘက်ပါချင်လာအောင် လုပ်နိုင်တဲ့
အစွမ်းမျိုးရှိတဲ့ သူတွေပေါ့။
☀ ပြတ်သား ရဲရင့် သူ ☀
ပြဿ နာ တစ်ခု ရဲ့ အဖြေကို သေချာ ရှာပြီး
ဆုံးဖြတ်ချက်ကို ချတတ်သူတွေဖြစ်ပါတယ်။
သူတို့တွေက လုပ်ငန်းခွင် မှာ ဆိုရင်
ဆုံးဖြတ်ချက်ကို မှန် ၊ မမှန် စဉ်းစား
ပြီးမှ ချတတ်ကြပါတယ် ။ သူတို့
ဆုံးဖြတ်လိုက်တဲ့ ကိစ္စတိုင်း
ကလည်း မှားတယ် ဆိုတာ
ရှားပါတယ် ။
☀ ညှို့ငင်ဆွဲအား ☀
လူကြားထဲမှာ ထင်းနေတဲ့သူတွေဖြစ်ပါတယ်။
ထင်ရှားပေါ်လွင်တဲ့ ပင်ကိုယ်ရုပ်ခံကြောင့်
ပိုပြီးဆွဲဆောင်မှုရှိကြတာဖြစ်ပါတယ် ။
လူအများ ရဲ့ အာရုံ ကို ဖမ်းစားထား
နိုင်တဲ့သူတွေဖြစ်ပြီး တစ်ဖက်သား
စိတ်ကျေနပ်အောင် အရမ်းလုပ်ပေး
တတ်တဲ့သူတွေပါ ။
ရုပ်ပိုင်းဆိုင်ရာသာမကပဲ လိင်ပိုင်းဆိုင်ရာ
မှာလည်း အရမ်းကို ဆွဲဆောင်အား
ပြင်းတဲ့သူတွေဖြစ်ပါတယ် ။
☀ ချစ်ခရီးဖော် အပေါ် လိုအင် ဆန္ဒ ☀
surprise နဲ့ လက်ဆောင် ကြိုက်သူ ပါ ။
တန်ဖိုးကြီး လက်ဆောင် လို့ မဆိုလို
ပါဘူး။ အသေးအမွှားလေးတွေလည်း
ရပါတယ်။ အဓိက ကတော့ သူ့စိတ်
ကို ထိအောင် လုပ်ဖို့ပါ ။
☀ အရိုးထဲ ထိအောင် ချစ်တတ်သူ ☀
သူငယ်ချင်း၊အပေါင်းအသင်း တွေကြားမှာ
နည်းနည်းတစ်ကိုယ်ကောင်းဆန်တယ်လို့
နာမည်ကြီးတဲ့သူလေးတွေပေါ့ ။
သူတို့တွေ က တခြားသူအပေါ်မှာသာ
တစ်ကိုယ်ကောင်း ဆန်ရင် ဆန်မယ်
သူတို့ ချစ်တဲ့ သူတွေ နဲ့ ပတ်သက်
လာရင် တော့ တစ်ကိုယ်ကောင်း
ဆန်ဖို့ မပြောနဲ့ သူတို့ ရဲ့ အရာ
အားလုံးကို ပေးဆပ်ပြီး ချစ်သူကို
အစစအရာရာဦးစားပေးတတ်တဲ့၊
ချစ်မိပြီ ဆိုရင် နောက်ဆုတ် ဖို့
လုံး၀ မတွေး တတ်တဲ့ သူတွေ၊
ရှေ့ဆက် တိုးဖို့ ပဲ စဉ်းစား
တတ်တဲ့ သူတွေ ပါ ။
အချစ်နဲ့ပတ်သက်လာရင် ကိုယ့်ခံစားချက်
တွေကို ဘယ်တော့မှဖုံးကွယ်ထားမယ့်
သူမျိုး လုံး၀မဟုတ်ပါဘူး ။
☀ သူ ကြိုက်တဲ့ ချစ်သက်လက်ဆောင် ☀
ကိုယ့်ကို surprises လုပ်ပေးတာထက်
ကိုယ်က surprises လုပ်ပေးရတာကို
ပိုကြိုက်တတ်တဲ့ သူတွေဖြစ်ပါတယ်။
တစ်ဖက်သားရဲ့ အကြိုက်ကဘာလဲ သိအောင်
ကြိုးစားပြီး သူပျော်သွားအောင်လုပ်ပေးရတာ
ကို သဘောကျတာကြောင့် ကိုယ်ချစ်ခင်
ရသူတွေကို surprises gift လေးတွေ
မကြာခဏ ပေးတတ်သူလေးတွေလို့
ပြောရင်လည်းမမှားပါဘူး ။
☀ မျက်နှာ ပွင့်လန်း အံ့မခန်း စန်း ☀
သူစိမ်းတစ်ယောက် ကို ချက်ချင်း ခင်မင်
သွားအောင် လုပ်နိုင်တဲ့ အရည်အချင်း
ပိုင်ရှင် သူတို့တွေ ကတော့ ငယ်စဉ်
ကလေးဘဝ သူငယ်ချင်းတွေကြားမှာ
ထဲက ပေါ်ပြူလာဖြစ်ခဲ့သူတွေပါ ။
ဟာသဥာဏ် ကောင်းတာ ကလည်း
သူတို့ရဲ့ အားသာချက် တစ်ခုဖြစ်ပြီး
လူတွေကိုပျော်အောင်လုပ်ပေးချင်တဲ့
စိတ်ထားမျိုး ကိုလည်း ပိုင်ဆိုင်ထား
ပါသေးတယ် ။
ထိုင်ပြီးစိတ်ညစ်နေတယ်ဆိုတာ မရှိ
သလောက် ဖြစ်တဲ့ သူတို့တွေ က
သူတို့ ချစ်တဲ့ သူတွေ နဲ့သာ ဘဝ
တလျှောက်လုံးကို ကုန်ဆုံးသွားဖို့
ဆုံးဖြတ်ထားတဲ့သူတွေပါ ။ သူတို့
ကတော့ ထင်ပေါ်ကျော်ကြားဖို့
စန်း ကောင်းသူ တွေပါ ။
လူကြိုက်များတဲ့သူတွေပါ။ အကြောင်း
ကတော့ စကားပြောအရမ်းကောင်းပြီး
ဆက်ဆံရေးလည်းအရမ်းကောင်းလို့
ပါပဲ။ ရယ်စရာဟာသတွေအမြဲလုပ်ပြီး
လူတွေကို ပျော်ရွှင်စေတဲ့သူတွေပါ။
နေ့တိုင်းကို အဓိပ္ပါယ်ရှိရှိ၊ ပျော်ပျော်ရွှင်ရွှင်
ဖြတ်သန်းသွားချင်တဲ့သူတွေပါ။ သူတစ်ပါး
ကို ပျော်ရွှင်အောင်လုပ်နိုင်ရင် သူတို့လည်း
အရမ်းပျော်ပါတယ်။ ဘယ်တော့မဆို
တက်ကြွလန်းဆန်းပြီး ပျော်ရွှင်နေ
တတ်တဲ့သူတွေပါ ။
☀ လောကီ အပူ စိတ်ပျက်သူ ☀
လက်ထပ်ဖို့ကို အကြောင်းမဲ့ကြောက်နေတာ
မဟုတ်ပါဘူး။ သူတို့တွေဟာ ချစ်သူအပေါ်
ဂရုစိုက်ချစ်တတ်တဲ့သူတွေဖြစ်ပြီးတော့ စစ
ချင်းချစ်သူဖြစ်စအချိန်တွေမှာ အိပ်ရာထတဲ့
အချိန်ကနေ၊ ညအိပ်တဲ့အချိန်ထိ ချစ်သူဆီ
ပဲစိတ်ရောက်နေတဲ့အထိ အစွဲအလမ်းကြီး
တဲ့သူတွေပါ ။
ဒါပေမယ့် ကြာလာတဲ့ အချိန်မှာ တော့
တစ်ဖက်လူရဲ့ အပြုအမူတချို့ကိုသည်း
မခံနိုင်တော့တာမျိုး၊ သူတို့ကိုစိတ်ပျက်
အောင်လုပ်နေတယ်လို့မြင်လာတာမျိုး၊
သူတို့ကပဲ တစ်ဖက်သတ်ပေးဆပ်ချစ်
နေရတယ်လို့ ထင်လာတာမျိုးတွေဖြစ်
လာတတ်ပါတယ်။ အဲ့ဒီအခါ တစ်ဖက်
လူကိုစိတ်ပျက်လာပြီး၊ အဲ့ဒီလိုမျိုး စိတ်
ပျက်လာတဲ့ ကိုယ့်ကိုယ် ကိုလည်း
မနှစ်မြို့သလိုဖြစ်လာပါတယ် ။
ဒီတော့ ချစ်သူဘဝမှာတောင် ဒီလိုဖြစ်နေရင်
၊ လက်ထပ်ပြီးလို့ ဒီလိုဖြစ်ရင် ဒုက္ခပဲဆိုပြီး
သူတို့ကိုယ်သူတို့ စိတ်မချလို့ လက်ထပ်ဖို့
ကြောက်နေကြတာပါ ။
☀ နုလုံးသား ကို ရိုက်ခပ်သော လှိုင်းလေးတွေ ☀
အချိန်တိုင်းမှာ ဂရုစိုက်ခံချင်နေတဲ့ သူတွေပါ။
မိသားစုထဲမှာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲ
ဖြစ်ဖြစ်၊ ချစ်သူနဲ့ပဲဖြစ်ဖြစ် သူတို့ကိုပဲ ပိုပြီး
ဦးစားပေးတာကို လိုချင်ကြပါတယ်။
သူတို့ ကို နည်းနည်းလောက် လစ်လျူရှု
ထားလိုက် တာနဲ့ အတွေးမျိုးစုံ တွေးပြီး
တစ်ယောက်တည်း ကမ္ဘာပျက်
နေတတ်ကြတဲ့ အကျင့်မျိုး
ရှိသူတွေပေါ့ ။
ဒါကြောင့် အရမ်းကို ဂရုစိုက်နိုင်တဲ့လူမျိုးနဲ့
မှ အဆင်ပြေနိုင်မယ့်သူတွေလို့
ပြောလို့ရပါတယ် ။
☀ ဂါ း း း ? ( ? စိတ်ဆိုး နေသည် ? ) ☀
စိတ်ချည်းသက်သက်ကောက်တတ်တာမျိုး
မဟုတ်ဘဲ စကား မပြော ၊ ပစ္စည်းတွေကို
ဆောင့်ပစ် တတ်ကြပါတယ် ။ သူတို့
စိတ်ဆိုး နေကြောင်း ၊ စိတ်ကောက်
မပြေသေးကြောင်း ကို အမူအရာ နဲ့
ပြတတ်ကြပါတယ် ။ စိတ်ကောက်
ပြေ လွယ်တတ်တဲ့ ထဲမှာတော့
သူတို့ မပါခဲ့ ပါဘူး ။
☀ လက်တကမ်း အကွာ က ပန်းတိုင် ☀
ကိုယ့်ရဲ့ လိုအပ်ချက်တွေ ကို သိပြီး အဲ့ဒါတွေ
ကို ဘယ်လိုဖြည့်ဆည်းရမလဲကောင်းကောင်း
သိတာကြောင့် တစ်ယောက်ယောက် ကို
အနိုင် ရဖို့ ထွေထွေ ထူးထူး အားထုတ်
ကြိုးစား နေစရာမလိုဘဲ အမြဲ လိုလို
အနိုင် ရနေ တတ် သူတွေ
ဖြစ်ပါတယ် ။
☀ တွေးပူ ရတဲ့ အကြောင်းတရား ☀
သာမာန်လူ တစ်ယောက် ဖြစ်မှာကို
ကြောက်တယ်
အောင်မြင်မှုအကြီးကြီး ရရှိဖို့အတွက် စွမ်းစွမ်း
တမံ ကြိုးစား ကြပေမယ့် တကယ်လို့ ထင်
သလောက် အသိအမှတ်ပြု မခံရခြင်း နဲ့
လူတွေသတိမထားမိခြင်း ခံရတဲ့အခါ
ယူကျုံးမရခံစားကြရတတ်ပါတယ်။
တကယ်တော့ အောင်မြင်မှု အစစ် ရဲ့
အဓိပ္ပာယ်ကို ပြန်စဉ်းစားဖို့ လိုအပ်
ပါတယ် ။ ဆိုရှယ်မီဒီမှာ လူသိ များ
ပြီး ထင်ပေါ်သူတွေ များလှပေမယ့်
အကြောင်း အမျိုးမျိုးကြောင့် သာ
လူသိ များနေခြင်း ဖြစ်ပါတယ် ။
ဒါဟာတကယ့်အောင်မြင်မှုအစစ်မဟုတ်ပါဘူး။
လက်တွေ့ဘဝမှာ အောင်မြင်နေတဲ့ သူတိုင်း
လည်း ဆိုရှယ်မီဒီယာမှာ လူသိချင်မှသိပါ
လိမ့်မယ်။ သာမာန်လူတစ်ယောက်ဖြစ်မှာ
စိုးရိမ်တဲ့စိတ်ကို ဖယ်ရှားဖို့ အတွက်
ဖြစ်တည်မှုကို ဥပေက္ခာပြုခြင်းထက်
ဘဝရဲ့အနိမ့်ကျဆုံးအခြေအနေတွေ
ကို လက်ခံထားသင့်ပါတယ်။
☀ စိတ်ရော ကိုယ်ပါ အနား ရစေ ဖို့ ☀
စိတ်ရော လူရော ပင်ပန်း သမျှတွေ
ပြေပျောက်ဖို့အတွက် ပတ်၀န်းကျင်
နဲ့ တစ်ရက်လောက် အဆက်
အသွယ် ဖြတ်ပြီး တိတ်ဆိတ်
အေးချမ်းတဲ့ နေရာလေး မှာ
အေးအေးဆေးဆေး နားနေ
သင့် ပါတယ် ။
☀ အချစ် ရို ☀
တစ်ကိုယ်ကောင်း ဆန်ပြီး အတ္တကြီး တဲ့
သူတွေ ဖြစ်ပေမယ့် ချစ်သူ ကိုတော့
အစွမ်းကုန် ကာကွယ် ပေးပြီး ၊
အချိန်တိုင်း ပျော်အောင်
လုပ်ပေးချင် စိတ်ရှိ
သူတွေပါ ။
ကိုယ့်ချစ်သူ ကြိုက်တတ်တာလေးတွေ ကို
အသေးစိတ်ကအစ အလေးထားမှတ်မိတဲ့၊
အမှတ်တရ နေ့တွေ မှာ ဘယ်လို ပျော်
အောင် လုပ်ပေးရမလဲ ဆိုတာ ကို
သေသေချာချာ စဉ်းစား တတ်တဲ့
သူတွေပါ ။
☀ Cele ချစ်သူ ☀ ( မိန်းကလေး သီးသန့် )
လုံး၀ ပရိသတ် အကြီးစား ဖြစ်ပါတယ် ။
ကိုရီးယား ဇာတ်လမ်းတွဲ ထဲမှာ သူတို့
ကြိုက်တဲ့ မင်းသား ပါနေခဲ့ရင်တော့
ပွဲကြမ်း ပါပြီ ။
ဘယ်လိုပွဲကြမ်းလဲဆိုရင်တော့ ဒီမင်းသား
ရဲ့ နာမည် အရင်း ၊ မိသားစု နောက်ခံ ၊
နောက်ထပ်ဇာတ်လမ်းတွဲတွေကအစ
ရေမြေဆုံး အထိ အင်တာနက် မှာ
ရှာဖွေပြီး ဘေးလူတွေ ကို
ဖောက်သည် ချတတ်
ကြပါတယ် ။
credit: https://www.facebook.com/Jotika-Online-Book-Shop-102064448975538/photos/pcb.104250822090234/104250408756942