Uncategorized

Scorpio ♏ ဗြိစ္ဆာ ရာသီဖွား (အောက်တိုဘာလ ၂၃ ရက် – နို၀င်ဘာလ ၂၁ ရက်)

Published on

Scorpio ( ♏ ) ဗြိစ္ဆာ ရာသီဖွား ?
( အောက်တိုဘာလ ၂၃ ရက် – နို၀င်ဘာလ ၂၁ ရက် )

☀ အဖြူ ထည် ဘုကလန့် ☀

ဘေးလူတွေ အမြင်မှာ မာနကြီးလိုက်တာ
ဆိုပြီး မြင်တတ်ကြပါတယ်။ သူတို့စိတ်ထဲ
မှန်တယ်ထင်မှ အရာတစ်ခုကို လက်ခံ
တတ်ကြ ပါတယ် ။ ဒါကို လူ တစ်ချို့
ဘုကလန့်တိုက်တယ် လို့လည်း
မြင်သွားနိုင်ပါတယ်။ တစ်ခုခုဆို
ကူညီတတ်တဲ့စိတ်ထားရှိကြ
တာကို လူတွေ သတိမထား
မိတတ်ကြပါဘူး ။

☀ ဦးစိတ်တို & ဒေါ်စိတ်တို ☀

လူတွေ မသိတဲ့ အကြောင်းအရာတွေ
အများကြီးရှိပြီး သူတို့ရဲ့ အပြုအမူတွေ
နဲ့ပတ်သက်လို့ မှတ်ချက်ပေးခံရတာမျိုး
ကို လုံး၀ မကြိုက်တဲ့ သူတွေပါ ။

အထူးသဖြင့် သူတို့အမှားမဟုတ်ဘဲ စွပ်စွဲ
ခံရတဲ့အခါမျိုးတွေမှာ သည်းခံနိုင်စွမ်းလုံး၀
မရှိဘဲ ဒေါသအကြီးအကျယ်
ထွက်တတ်ပါတယ် ။

☀ ဒေါ်ပွစိ & ဦးလျှာရှည် ☀

အရင်ကတည်းက လျှို့ဝှက်တတ်တဲ့သူတွေ
ဖြစ်ပါတယ်။ ကြီးလာတဲ့အခါ လူတွေကို
ပိုပြီးကြောက်လာတယ်၊ အရင်တုန်းက
အမှားတွေ ကို နောင်တ ရလာတယ် ၊
ကိုယ့် ကိုယ်ကို အပြစ်တင်စိတ်တွေ
များလာတယ်။ ဒါကြောင့် အကောင်း
မြင်စိတ် နည်းသွားပြီး ဒေါသတွေ
ကြီးနေတတ်ပါတယ် ။

☀ ကြောက်စရာ သွေးအေး ရက်စက် သူ ☀

လွယ်လွယ်နဲ့ခွင့်မလွှတ်တတ်တဲ့ သူတွေပါ။
တစ်ယောက်ယောက်က သူတို့ကိုနာကျင်
အောင်လုပ်ရင် အဲ့ဒီလူ ကို ပြန်ပြီး နာကျင်
အောင် လုပ်ဖို့ အတွက် ဘာကိုမှ ထည့်
မစဉ်းစားတော့ဘဲ အကွက်ကျကျ လက်
တုံ့ပြန်တတ် သူတွေပေါ့ ။

ကိုယ် ဖြစ်ချင်တာ ကို မရမချင်း လက်မလျှော့
တတ်တဲ့ သူတွေမို့ ကိုယ့်ကို စိတ်ညစ်အောင်
လုပ်တဲ့သူကို ထပ်တူခံစားချက်မျိုးပြန်ရအောင်
မလုပ်ရမချင်း တနုံ့နုံ့ဖြစ်နေတတ်တဲ့သူတွေ
လို့ ပြောရမှာပါ ။

☀ လေ့လာ တဲ့ စာပေ ☀

ခန့်မှန်းရခက်ပြီး လျှို့ဝှက်စွာ နေထိုင် တတ်တဲ့
သူတို့ဟာ လျှို့ဝှက်ဆန်းကြယ်ပြီး သည်းထိတ်
ရင်ဖိုဆန်တဲ့ ဝတ္ထုတွေ၊ ဆိုက်ကိုဆန်ဆန်
ဇာတ်လမ်းတွေကို ဖတ်ရတာ နှစ်သက်
သူတွေပါ ။ သမားရိုးကျ မဟုတ်ဘဲ
လှည့်ကွက် မြှုပ်ကွက်တွေ များများ
ပါဝင်တဲ့ ဝတ္ထုတွေကို ပိုသဘောကျ
တတ်ပါတယ် ။

☀ အထူးပြု စူပါ ပါဝါ ☀

စိတ်ခံစားချက် နဲ့ပတ်သက်ရင် ဆတ်ဆတ်
ထိမခံတဲ့ ပုံစံမျိုး ရှိတတ် ပေမယ့် သူတို့စိတ်
ထဲမှာ ဘာဖြစ်နေတယ် ဆိုတာ လူတွေကြား
ထဲမှာ ဘယ်တော့မှဖွင့်မထုတ်ပြတတ်သူတွေ
ပါ။ ရည်မှန်းချက်ကြီးတဲ့သူတွေဖြစ်ပြီး သူတို့
ဖြစ်ချင်တာကို သေချာသိကာ၊ အောင်မြင်မှု
ရအောင် ကြိုးစားအားထုတ်တတ်တဲ့သူတွေ
ပေါ့။ တခြားသူတွေနဲ့ မတူတဲ့ သူတို့ရဲ့
အစွမ်းအစတစ်ခုက လူတစ်ယောက်ကို
စတွေ့တဲ့ အချိန် ငါးမိနစ် အတွင်း မှာ
ဘယ်လိုလူလဲ ဆိုတာ တန်းသိ နိုင်
လောက်အောင် လူကဲခတ်တော်
တာ၊ တစ်ဖက်လူဘာတွေးနေလဲ
ဆိုတာ ကို ကောင်းကောင်း
ခန့်မှန်းနိုင်တာပဲ
ဖြစ်ပါတယ် ။

☀ ဥာဏ်ကြီးရှင် ☀

စဉ်းစားချင့်ချိန်နိုင်စွမ်းအရမ်းမြင့်တာကြောင့်
သူတို့ကို လိမ်ညာဖို့၊ အရူးလုပ်ဖို့ မစဉ်းစား
ပါနဲ့။ အကြားအမြင် လိုမျိုး ထူးထူး ခြားခြား
အာရုံရှိနေတတ်ပါတယ်။ ဒါကြောင့် တစ်ချို့
ပြဿနာတွေရဲ့ အဖြေကို အလိုလို လျင်မြန်စွာ
သိနေတတ်ပါတယ်။ အရမ်းစေ့စပ်တဲ့
သူတွေဖြစ်ပြီး ဟာကွက်မရှိ တွေးခေါ်
နိုင်စွမ်းရှိတဲ့သူတွေပါ။ သူတို့ရဲ့ ဥာဏ်
ပညာထက်မြက်မှုက တကယ်ကို
လေးစားစရာကောင်းပါတယ် ။

☀ ချစ်ခရီးဖော် အပေါ် လိုအင် ဆန္ဒ ☀

သူ့အတွက် လိုနေတာက သံလိုက်လို ချစ်သူ
မျိုးပါ။သူ့ကို စွဲဆောင် ညှို့ယူ ဖမ်းစား နိုင်မယ့်
သူမျိုးပါ ။ ရိုးသားမှု ၊ သစ္စာရှိမှုနဲ့ စွဲဆောင်မှုက
ချစ် သူဆီကနေ သူလိုချင်နေတဲ့ အရာတွေပါ ။

☀ တိတ်တခိုး ချစ် ☀

တစ်ယောက်ယောက်ကိုချစ်မိရင် လေးလေး
နက်နက်ခံစားပြီး သံယောဇဉ်တွယ်တတ်
တာကြောင့် ကိုယ့်ကိုနာကျင်အောင်
လုပ်မယ့်သူမျိုးကို ချစ်မိသွားမှာ
ကြောက်တတ်ကြပါတယ် ။

ပြီးတော့ သူတို့ ခံစားချက်တွေ ကို လူသိ
သွားမှာလည်း ကြောက်ပါတယ်။ဒါကြောင့်
တစ်ယောက်ယောက်ကိုချစ်မိနေရင် ကိုယ့်
ကိုယ်ကိုသေချာအောင် ထပ်တလဲလဲ
စဉ်းစားပြီးမှ ဖွင့်ပြောဝန်ခံကြတာမျိုးပါ ။

☀ တိတ်တခိုး ကြိတ်ဆိုး ☀

အမြဲလိုလို စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေ
တစ်ခုမဟုတ်တစ်ခု ရှိနေတတ်တဲ့သူတွေပါ
၊ ဒါပေမယ့် သူတို့တွေက ဖြစ်နေတဲ့အခြေ
အနေပေါ်မှာ ခံစားနေတာဖြစ်ပြီး ဘယ်သူ့
ကြောင့်စိတ်ညစ်ရပါတယ်လို့တော့ သူများ
အပေါ်အပြစ်တင်တဲ့စိတ်မျိုး မရှိကြပါဘူး။

ခွင့်လွှတ်တတ်တဲ့စိတ်ရှိတယ်၊ သူတို့ဘက်
ကစပြီး သူများကိုနာကျင်အောင်တော့ လုပ်
မှာမဟုတ်ပေမယ့် သူတို့ကိုနာကျင်အောင်
လုပ်ရင်တော့ လုံးဝလှည့်ကြည့်ချင်စိတ်
မရှိလောက်အောင် ပြတ်သားနိုင်တဲ့
သူတွေပါ။

☀ ချစ်နှောင်ကြိုး က ရုန်းပြေးသူ ☀

ခေါင်းမာပြီးအရမ်းအကြောတင်းတဲ့သူတွေပါ။
ချုပ်ခြယ်တာကိုလုံးဝမကြိုက်ပါဘူး။ သူတို့ကို
ဆုံးမဖို့၊ ပညာပြဖို့များမကြိုးစားလိုက်ပါနဲ့။
နံရံကိုစကားပြောနေရသလိုပဲ ဖြစ်သွား
ပါလိမ့်မယ်။

ဘယ်သူ့ဆုံးဖြတ်ချက်၊ အကြံဥာဏ်ကိုမှ
နားယောင်မယ့်သူတွေမဟုတ်ပါဘူး။
ဒါကြောင့် သူတို့ကို သွားပြီးချုပ်ခြယ်
လို့မရပါဘူး။

☀ လွှမ်းမိုး ချုပ်ကိုင် တတ်သူ ☀

ဦးဆောင်နိုင်တဲ့အစွမ်းအစရှိပြီး အသေးစိတ်
ကအစ တိတိကျကျလုပ်ရမှ ကျေနပ်တဲ့
သူတွေပါ။ လျှို့ဝှက်တတ်တယ်၊
လွယ်လွယ်နဲ့မယုံတတ်ဘူး၊

အမြဲတမ်းထိပ်ဆုံးမှာပဲနေချင်ပြီး တစ်ယောက်
ယောက်ကကိုယ့်ထက်သာသွားတာမျိုးကို
လက်မခံနိုင်ကြပါဘူး။ ဒီလိုမျိုး ပြင်းထန်
တဲ့စိတ်ဓာတ်က တစ်ဖက်သားကို
လွှမ်းမိုးနိုင်တဲ့အချက်ဖြစ်လာ
တာပါ။

သူတို့ဘက်က ထုတ်ပြောပြီး တောင်းဆို
စရာမလိုဘဲ သူတို့နဲ့အဆင်ပြေအောင်
နေဖို့ အလိုလိုဆုံးဖြတ်မိသွားတာမျိုးပါ။

☀ သွေးသောက် ရောင်းရင်း ကောင်း ☀

တွေ့တဲ့လူတိုင်းနဲ့မရင်းနှီးတတ်ဘဲ အရင်
တည်းကပေါင်းခဲ့တဲ့သူငယ်ချင်းတွေကိုပဲ
တန်ဖိုးထားပြီးပေါင်းတတ်တဲ့သူတွေပါ။

သူငယ်ချင်းတစ်ယောက်ချင်းစီရဲ့ ကောင်း
ကွက်၊ဆိုးကွက်တွေကို သေချာသိပြီး
သူငယ်ချင်းတွေအပေါ် အပြည့်အဝ
ယုံကြည်တတ်ကြတဲ့သူတွေပါ။

အသက်ကြီးတဲ့အထိ ကလေးဘဝတည်း
က သူငယ်ချင်းတွေနဲ့ အခင်မင်မပျက်
ပေါင်းသင်းနိုင်တဲ့ သူတွေပါပဲ။

☀ ညှို့ငင်ဆွဲအား ☀

ညှို့အားအပြင်းဆုံး သူတွေပါ။ သူတို့ကို
ချစ်မိသွားရင် မလွယ်ပါဘူး ။ သူတို့ကို
မေ့လိုက်ဖို့ဆိုတာ ဘယ်တော့မှ မဖြစ်
နိုင်တော့လို့ပါ ။

သူတို့တွေဟာ တစ်ဖက်သား ရဲ့ နှလုံးသား
ထဲကို ဝင်ရောက်ဖို့ ထွေထွေထူးထူးတွေ
ကြိုးစားနေစရာမလိုပါဘူး။ အလိုလို
နေရင်းနဲ့ကို ညှို့ငြင်စွမ်းရှိနေ
ကြလို့ပါ ။

ရုပ်အရမ်းမချောရင်တောင် သူတို့ မှာ
သူများနဲ့မတူတဲ့ အားသာချက်တွေက
လူတွေကို ဆွဲဆောင်ပါတယ် ။ လူ
တစ်ယောက်ကို ကြည့်လိုက်တာနဲ့
သူတို့ဘာလိုချင်လဲဆိုတာ တန်းသိ
နိုင်တဲ့ သူတွေ ဖြစ်တဲ့ အတွက်
သူတို့ကို လိမ်လို့ မရပါဘူး ။

☀ အရိုးထဲ ထိအောင် ချစ်တတ်သူ ☀

ခံစားချက်တွေတိုင်းကို ဖွင့်ထုတ်ပြောပြ
တတ်တဲ့ သူတွေ တော့ မဟုတ် ပါဘူး။
ဒါပေမယ့် တစ်ယောက်ယောက်ကို
ချစ်မိတဲ့အခါမှာတော့ အဲ့ဒီအချစ်ကို
အမြဲတမ်းအတွက်တည်မြဲစေလိုတဲ့
ခံစားချက်မျိုးရှိတတ်ကြတာကြောင့်
ချစ်တဲ့သူကို အဆုံးရှုံးမခံရအောင်
တတ်နိုင်သလောက်ကြိုးစားတတ်
တဲ့သူတွေဖြစ်ပါတယ် ။

တစ်ယောက်တည်းကို တစ်သက်လုံး
ချစ်သွားချင်တဲ့သူတွေလို့ ပြောရင်
လည်း မမှားပါဘူး ။

☀ ချစ်တတ်လွန်းသူ ☀

အရမ်းထူးခြားတဲ့ စွမ်းအင်တစ်မျိုး ရှိပါတယ်။
အဲ့ဒါကတော့ ညှို့ငြင်နိုင်စွမ်းပါပဲ။ သူတို့ဟာ
ကြည့်လိုက်ရင် အရမ်းချောတာမျိုး မဟုတ်
ရင်တောင် ထူးခြားတဲ့ ဆွဲဆောင်အားကို
ပိုင်ဆိုင်ထားတဲ့သူတွေပါ ။

သူတို့ရဲ့ မှော်ဆန်တဲ့ ဆွဲငင်မှုအောက်မှာ
ချစ်သူက ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။
ချစ်သူရဲ့ ဖူးဖူးမှုတ်ချစ်ခြင်းကို ခံရသူတွေ
ဖြစ်ပါတယ် ။

☀ နုလုံးသား ကို ရိုက်ခပ်သော လှိုင်းလေးတွေ ☀

သူတို့ကို လေးစားမှုရှိတာ၊ အလေးထား
ဆက်ဆံတာမျိုးကို လိုချင်ကြတဲ့သူတွေပါ။
သူတို့ကို အလေးမထားတာမျိုးကို အရမ်း
ကိုမုန်းပြီး အသေးအဖွဲကိစ္စလေးပဲဖြစ်ဖြစ်
လိမ်ညာတာ ၊ လှည့်စားတာမျိုး လုပ်ရင်
အဲ့ဒါနဲ့ ပတ်သက်လို့ မပြီးနိုင် မစီးနိုင်
တွေးတောခံစားနေတတ်ပါတယ် ။

ငါ့ကို လိမ်တာ ၊ ငါ့ကို တန်ဖိုးမထားလို့လား၊
ငါ့ကိုအလေးအနက်မထားလို့လား၊ ငါကသူ့
အတွက်လူရာမဝင်ဘူးလား စသဖြင့် အတွေး
တွေများပြီး ကြေကွဲ ဖိစီး နေတတ် ပါတယ် ။
ဒါကြောင့် သူတို့ကို အလေးထားတဲ့သူမျိုး
နဲ့မှ အဆင်ပြေပါလိမ့်မယ် ။

☀ တွေးပူ ရတဲ့ အကြောင်းတရား ☀

အသဲ ကွဲ မှာကို ကြောက်တယ်

စရိုက် က ထူးခြား ပါတယ် ။ သူတို့တွေဟာ
တဖတ်သတ် ချစ်နေ ရတဲ့ ခံစားချက်မျိုး ကို
ပို ခုံမင် ကြပြီး ကိုယ့်ကို အရမ်း ချစ်နေတဲ့
သူ ဆိုရင်တော့ ပေါ့ဆစွာ နေလေ့ ရှိကြ
ပါတယ် ။

ဒါပေမယ့် သူတို့ကို ဂရုမစိုက်ပဲ နေတဲ့ အချိန်
မှာတော့ စိတ် ထဲမှာ ပြင်းပြစွာ ခံစား နေရ
ပါတယ် ။ အထူးသဖြင့် ကိုယ့် ချစ်သူ က
အခြား တစ်ယောက် နောက်ကို ပါသွား
မှာ ကိုယ့် crush ကအခြားတစ်ယောက်
နဲ့ တွဲသွားမှာ ကို သေမလို ကြောက်
ကြပါတယ် ။ ဘာပဲ ဖြစ်ဖြစ် ဘဝ ဟာ
ဘာကိုမှ အာမခံချက်မပေးတဲ့အတွက်
အကောင်းဆုံးက ကိုယ့်ဘေးနားရှိနေ
သူကို အတတ်နိုင်ဆုံးဂရုစိုက်လိုက်ပါ ။

☀ စိတ်ရော ကိုယ်ပါ အနား ရစေ ဖို့ ☀

ကိုယ့်ဘေး က လူတွေ ကိုယ့်ကို မငြိုငြင်
အောင် နေပေးနေရတာက သူတို့
အတွက် အပင်ပန်းဆုံး ကိစ္စ
ဖြစ်နေ ပါတယ် ။

ဒါကြောင့် ကိုယ့်ကို နားလည် ပေးနိုင်မယ့်
သူတွေနဲ့ တွေ့တာမျိုး၊ သူငယ်ချင်းအသစ်
မိတ်ဖွဲ့တာမျိုးလေးတွေ လုပ်ပေးတာ က
စိတ်ရောလူပါ အနားရစေပြီး ပျော်ရွှင်စေ
ပါလိမ့်မယ် ။

☀ လူကဲခပ် ကောင်းသူတွေ ☀

အလိုလိုသိမြင်နိုင်စွမ်းရှိတဲ့သူတွေဖြစ်ပါတယ်။
လူတွေရဲ့ မျက်နှာဖုံးတွေနောက်ကွယ်က
ဇာတိသရုပ်မှန်တွေကို တန်းပြီး သိမြင်
နိုင်စွမ်းရှိတဲ့သူတွေဖြစ်ပါတယ် ။

ဖုံးကွယ်ထားတဲ့အရာတွေကိုလည်း ချက်ချင်း
သိနိုင်တဲ့ သူတွေဖြစ်ပါတယ်။ သူတို့ကို အရူး
လုပ်လို့မရပါဘူး။ အရမ်း ထက်မြက်ပြီး
လျင်တဲ့သူတွေမို့လို့ ရိုးသားတာ
အကောင်းဆုံး ပါပဲ ။

☀ မုခ ပေလွှာ ( မ ) ☀

ရုပ်ရည်အလှအပ က ဆွဲဆောင်မှု ရှိရုံမက၊
ဖက်ရှင်အမြင်လည်းရှိပြီး ဘယ်အချိန်ကြည့်
လိုက်ကြည့်လိုက် စမတ်ကျ လှပ နေတဲ့
သူတွေပါ။ သူတို့ရဲ့လွတ်လပ်ပေါ့ပါးပြီး
အမှီအခို ကင်းတဲ့ ပုံစံ က သူတို့ရဲ့ နဂို
ရှိရင်းစွဲအလှကိုပိုပြီး တောက်ပစေတာပါ။
အပြင်ပန်းတင်လှတာမဟုတ်ဘဲ၊ကိုယ့်
ကိုယ်ကိုလည်း တိုးတက်အောင် အချိန်
တိုင်း ကြိုးစား နေတာကြောင့်
အရည်အချင်းလည်းရှိတဲ့
သူတွေပါ ။

 

Credit:

Click to comment

© Copyright 1998-2022 All rights reserved by Myanmar Net Media, မြန်မာနက် ဆော့ဝဲ ကုမ္ပဏီလိမိတက်