☀ ပြေပြေလည်လည် ☀
သူများခံစားချက်ကို နားလည်ပေးတတ်ပြီး
ကြည့်လိုက်တာနဲ့ ကိုယ့်ဘေးကလူ
ဘာဖြစ်နေလဲဆိုတာကိုလည်း
သိနိုင်တဲ့သူတွေဖြစ်ပါတယ် ။
သူတို့ကိုယ်တိုင်က စိတ်ခံစားလွယ်တဲ့သူ၊
ကိုယ်ချင်းစာစိတ်မြင့်မားတဲ့သူတွေဖြစ်တာ
ကြောင့် တခြားသူအပေါ်မှာ အပြစ်တင်
တာမျိုး၊ ပြဿနာကို ပိုဆိုးအောင်လုပ်တာမျိုး
တွေ လုံးဝမလုပ်တဲ့သူလေးတွေ
ဖြစ်ပါတယ် ။
ကိုယ့်ကိုပြဿနာလုပ်လာရင်တောင် ပိုဆိုး
သွားအောင်လုပ်တာထက် လျှော်ပေး
လိုက်ဖို့ပဲ စဉ်းစားလိုက်တဲ့
သူတွေဖြစ်ပါတယ် ။
☀ လေ့လာ တဲ့ စာပေ ☀
လျှို့ဝှက်ပြီး နားလည်ရ ခက်တဲ့ အပြင်
စိတ်ကူးယဉ် အိပ်မက်ဆန်တာမျိုး ကို
နှစ်သက်တဲ့ သူတို့ဟာ ရိုးရိုးရှင်းရှင်း
ဝတ္ထုတွေထက်၊ ရှုပ်ထွေးဆန်းပြားတဲ့
ပဉ္စလက်သရုပ်မှန်စာပေ အမျိုးအစား
စာအုပ်တွေကို ပိုပြီး သဘောကျ
တတ်ပါတယ်။ နက်နက်နဲနဲ တွေး
ရတဲ့ ဝတ္ထုဇာတ်လမ်းမျိုးကို
ဦးစားပေး ရွေးချယ်လေ့
ရှိပါတယ် ။
☀ Thinkerလေးတွေ ☀
ခွဲခြမ်းစိတ်ဖြာတွေးတာမျိုးထက် အနုပညာ
ဆန်တဲ့ အတွေးအခေါ်မျိုး ဘက်ကို ပို
အားသန် ပါတယ် ။ ဘယ်ကိစ္စမျိုးကို
မဆို သူများတွေမြင်တဲ့အမြင်မျိုးနဲ့
မတူတဲ့ဘက်က မြင်တတ်ပြီး
ပိုအဆင်ပြေအောင်ဘယ်လို
လုပ်ရမလဲ ကောင်းကောင်း
သိသူတွေဖြစ်ပါတယ် ။
အဲ့ဒီအရည်အချင်းကြောင့်ပဲ ကိုယ် စိတ်ပါ
ဝင်စားတဲ့အရာတွေကို သူများထက်
သာအောင်အေးအေးဆေးဆေး
လုပ်နိုင်ကြပါတယ် ။
☀ တစ်ကိုယ်တည်းသမား ☀
သူတို့ဘေးကလူတွေက စိတ်ခံစား
လွယ်တယ်၊ ခံစားချက်တွေများ
လွန်းတယ်လို့သတ်မှတ်
ထားကြပါတယ်။
ဒါပေမယ့် သူတို့တွေဟာ ခံစားချက်
အစစ်အမှန်ကို လွယ်လွယ်နဲ့ထုတ်
မပြတတ်ဘဲ လျှို့ဝှက်တတ်တဲ့
သူတွေဖြစ်ပါတယ်။
စိတ်ကူးယဉ် ဆန်ပြီး ချစ်သူ အပေါ် တန်ဖိုး
ထားတတ်လွန်း၊ ချစ်တတ်လွန်းတဲ့သူတွေ
ဖြစ်ပါတယ်။ ဒါပေမယ့် သူစိမ်းတွေနဲ့တော့
လွယ်လွယ်နဲ့မရင်းနှီးတတ်ဘဲ ၊ ကိုယ့်ဘေး
နားမှာ လူတွေများရင် စိတ်အနှောက်
အယှက်ဖြစ်တတ်တဲ့သူတွေပါ။
☀ လွှမ်းမိုး ချုပ်ကိုင် တတ်သူ ☀
တစ်ကိုယ်ကောင်းစိတ်အနည်းဆုံး သူတွေပါ။
ကိုယ့်ကိုယ်ကိုထက် သူများကို ပိုပြီးဦးစားပေး
တတ်တဲ့သူတွေက သူများကိုလွှမ်းမိုးချုပ်ကိုင်
နိုင်တယ်ဆိုတာ ယုံဖို့တောင်ခက်ပါတယ်။
ဒါပေမယ့် သူတို့တွေက စိတ်အင်အားမရှိ၊
ပျော့ညံ့လို့ တစ်ကိုယ်ကောင်းမဆန်တတ်
တာမဟုတ်ဘဲ၊ သဘောထားကြီးလို့
တစ်ကိုယ်ကောင်းမဆန်တတ်တာပဲ
ဖြစ်ပါတယ်။
ဒါကြောင့် သူတို့သာ တကယ် စိတ်ထဲက
အမှန်တကယ်ဖြစ်စေချင်ရင် တစ်ဖက်သား
ကို သူတို့ဖက်ပါအောင် အလွယ်လေး
စည်းရုံးနိုင်တဲ့အစွမ်းမျိုးရှိကြပါတယ်။
☀ ခန္တီစတရား မြဲမြံသူ ☀
ကိုယ် ချစ်တဲ့ ချစ်သူ ၊ သူငယ်ချင်းတွေ
အပေါ်မှာ အစွမ်းကုန် ယုံကြည်
ပေးနိုင် သူတွေပါ ။
ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ မေ့ပစ်ပေးနိုင်တာ ၊
ခွင့်လွှတ် ပေးနိုင်တာ ၊ ကိုယ့် အပေါ်
ဘယ်လောက်ပဲ မကောင်းခဲ့ပါစေ
ပြန်ပြီးယုံကြည်ပေးနိုင်တဲ့ သူပေါ့ ။
☀ ညှို့ငင်ဆွဲအား ☀
ဆန်းသစ်ကွန့်မြူးနိုင်စွမ်းရှိပြီး စိတ်ကူးယဉ်
သမားတွေဖြစ်ပါတယ် ။ ဒါကြောင့်ပဲ
တစ်ဖက်လူကို အံ့သြသွားအောင်
အမြဲတမ်း လုပ်နိုင် ကြပါတယ် ။
တစ်ဖက်လူရဲ့ စိတ်ကိုမရိုးမရွဖြစ်အောင်
အရမ်းလုပ်တတ်တဲ့သူတွေ ဖြစ်တာ
ကြောင့် သူတို့နဲ့ပတ်သက်ရင်
အမြဲတမ်း စိတ်လှုပ်ရှား
ကြည်နူးနေရမှာ
ဖြစ်ပါတယ် ။
အီစီကလီလုပ်တဲ့နေရာမှာ ဆရာကြီးတွေ
ဖြစ်ပေမယ့် ကိုယ့်တစ်ဖို့တည်းပဲ ကြည့်
တတ်တဲ့ သူတွေတော့ မဟုတ်ပါဘူး ။
တစ်ဖက်လူရဲ့ စိတ်ခံစားချက်ကိုလည်း
အလေး ထားပြီး တစ်ဖက်လူ စိတ်
ကျေနပ်အောင် လုပ်တတ်တဲ့
သူတွေပါ။ ဒီအချက်ကြောင့်ပဲ
သူတို့ကို ချစ်မိသွားရင်
တသသ ဖြစ်နေ
ရတာ မဆန်း
ပါဘူး ။
☀ အနစ်နာခံ ကြင်နာ တတ် ☀
ချစ်တတ်လွန်းတဲ့ သူတွေဖြစ်ပြီး ကိုယ့်ထက်
အားနည်းတဲ့ သူတွေ အပေါ် အနိုင် ယူဖို့
ဆိုတာမျိုး ကို စဉ်းတောင် မစဉ်းစား တဲ့
သူတွေပေါ့ ။ ဘယ်သူ့ ကိုမှ အနိုင်မယူ
တတ်ဘဲ အမြဲ လိုလို ငဲ့ညှာ တတ်လို့
မကြာခဏ ၀မ်းနည်း နေရတဲ့ သူတွေ
ဖြစ်ပေမယ့် သူတို့ကတော့ မငြိုငြင်ဘဲ
အကောင်းမြင်ဆဲပါပဲ ။
☀ ရေငုံ နှုတ်ပိတ် ဂျစ်တိုက်သူ ☀
စိတ်ထဲမတွေ့တာ တစ်ခုခုရှိပြီဆိုတာနဲ့
ဘာစကားမှမပြောတော့ဘဲ မသိသလို
လုပ်နေတတ်ကြပါတယ်။ သူတို့က
စမပြောသလို၊ ပြောရင်လည်း ဘာမှ
ပြန်မပြောတော့ဘဲ နေတာပါ ။
ဘာဖြစ် နေလဲ၊ ဘာဖြစ်ချင် တာလဲ ဘာဆို
ဘာမှမပြောတော့ ဘာလုပ်ပေးလို့လုပ်ပေး
ရမှန်းလည်းမသိ၊ ဘယ်လိုချော့ရမှန်းလည်း
မသိနဲ့ တစ်ဖက်သားက အရမ်းတွေ
စိတ်ကျဉ်းကျပ်နေရတာမျိုးပါ ။
☀ ချစ်ခရီးဖော် အပေါ် လိုအင် ဆန္ဒ ☀
သူအထင်ကြီးအောင် နေပြရပါမယ်။ သင့်ရဲ့
စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ၊သင့်ရဲ့ အရည်
အချင်းတွေက သူ့အတွက် လေးစားလောက်
စရာ ဖြစ်နေမှ ရပါမယ် ။ နောက်တစ်ခု ကျန်
ပါသေးတယ် ။ ချစ်ပြ ရပါမယ် ။ သင် က
သူ ထင်ထားတာ ထက် ပိုပြီး သူ့ ကို
ချစ်တယ်လို့ သူခံစားမိတဲ့ တစ်နေ့
သင့်ဆီကနေ ဘယ်တော့မှ ခွာမှာ
မဟုတ်ပါဘူး ။
☀ ချစ်တတ်ကြပုံ ☀
နည်းနည်းလေး စိတ်ပိုင်းဆိုင်ရာ ခံစားလွယ်
တတ်တယ် ဆိုပေမယ့် ချစ်သူ ကို ဘယ်လို
ဂရုစိုက်ရမလဲဆိုတာကို ကောင်းကောင်းကြီး
နောကျေသူတွေပါ။သူတို့ရဲ့ ခံစားချက်တွေ
ကို ရင်ဖွင့်ရတာကို ကြိုက်တယ်။လိုအပ်ရင်
လည်း ချစ်သူ့ ရဲ့ ခံစားချက်တွေ ကို ရင်ဖွင့်
လို့ အကောင်းဆုံး ချစ်သူ အဖြစ် အနားမှာ
ရှိနေပေးတတ်သူပါ။ပြဿနာတတ်ခဲ့ရင်လည်း
ချစ်သူရဲ့ ခံစားချက်ကိုပဲ ဦးစားပေးတတ်
သူပါ။သူကပဲ အရင်စခေါ်ဖို့ ၀န်မလေး
တတ်သူပါ။ခြုံပြောရရင်တော့ ချစ်တာ
တော် ၊ ဂရုစိုက်တာ တော် တဲ့
ချစ်သူ ပါ ။
☀ အရိုးထဲ ထိအောင် ချစ်တတ်သူ ☀
အချစ်က ပထမဦးစားပေးမဟုတ်ပေမယ့်
အချစ်မရှိရင်တော့အသက်ရှင်ဖို့ သိပ်
မလွယ်တဲ့သူတွေဖြစ်ပါတယ်တဲ့ ။
သူတို့တွေဟာ သူတို့ အပေါ် တကယ့်
အချစ်စစ်နဲ့ ချစ်မယ့် သူကို လိုချင်ကြပြီး၊
တကယ်လို့ အဲ့ဒီလို ချစ်သူမျိုး ရလာရင်
ဘာတွေလုပ်မယ်၊ ဘယ်တွေသွားမယ်၊
ဘာတွေပြောမယ်၊ ချစ်တဲ့သူပျော်အောင်
ဘယ်လိုထားမယ် စသဖြင့် စိတ်ကူးယဉ်
တတ်ကြတဲ့သူတွေပါ ။
ချစ်သူရှိတဲ့အချိန်မှာမပြောနဲ့ ချစ်သူမရှိခင်
ကတည်းက အချစ်ကြီးနေတတ်ကြတဲ့
သူတွေပါနော် ။
☀ အထီးကျန် ချစ် ☀
အချစ်နဲ့ပတ်သက်လာရင် အရာအားလုံးကို
အသေးစိတ်ခံစားတတ်ကြပြီး ကိုယ်ချစ်တဲ့
သူရဲ့ အားနည်းချက်တွေအားလုံးကို
လက်ခံပေးတတ်ကြတဲ့ သူတွေပါ ။
အဆုံးထိ နားလည်ပေးတတ်ကြပြီး သူတို့ကို
ထားသွားခဲ့ရင်တောင် နားလည်ပေးနိုင်ဖို့
ကြိုးစားတတ်ကြသူတွေပါ ။ ဒါကြောင့်
တစ်ယောက်တည်းဖြစ်သွားလည်း
ကိုယ့်ကို ထားသွားခဲ့သူကို အပြစ်
တင်မနေဘဲ ကိုယ်အဆင်ပြေ
အောင် ဘယ်လိုနေရမလဲ
တွေးပြီး နေတတ်ကြတဲ့
သူတွေဖြစ်ပါတယ် ။
☀ ဂါ း း း ? ( ? စိတ်ဆိုး နေသည် ? ) ☀
သူတို့စိတ်ဆိုးနေတာနဲ့ တစ်ပြိုင်နက်တည်း
ပြောပစ်လိုက် ရမှ စိတ်ကျေနပ် နိုင်သူတွေ
ဖြစ်ပါတယ်။ လွယ်လွယ်နဲ့ စိတ်ကောက်
ပြေတဲ့ အထဲမှာ မပါသလို စကား မပြော
တာလည်း မဟုတ်သလို ပစ္စည်းတွေ ကို
ဆောင့်တာမျိုးလည်းမဟုတ်ပါဘူး ။
သူတို့ စိတ်ကောက် ရင် ပွစိပွစိ
ပြောနေ တတ် ပါတယ် ။ ချော့
ရင်လည်း တော်တော် နဲ့
စိတ်ကောက် မပြေ
ကြပါဘူး ။
☀ တွေးပူ ရတဲ့ အကြောင်းတရား ☀
လက်လွှတ် လိုက်ရမှာ ကို ကြောက်တယ်
အခြားသူတွေနဲ့ ခင်ခင်မင်မင် ရောရော
နှောနှောနေရမှာကို နှစ်သက်ကြပါတယ်။
ထိုသူတွေ ကို လက်လွှတ် လိုက်ရမှာ နဲ့
ဆုံးရှုံး သွားမှာ ကို ကြောက်ရွံ့ နေတတ်
ပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ် နဲ့
ရေရှည် ပေါင်းသင်း နိုင်မယ့်သူ ကိုယ့်
ဘေးနားမှာ ရှိသင့်တဲ့ သူတွေ ကို
သေချာ သိဖို့ လိုပြီး သိပ် အရေး
မကြီးတဲ့ သူတွေ စွန့်ခွာသွားတာ
ကိုတော့ လွမ်းနေဖို့ မလိုပါဘူး ။
☀ စိတ်ရော ကိုယ်ပါ အနား ရစေ ဖို့ ☀
လူ များပြီး ဆူညံတဲ့ နေရာတွေ ကို မကြိုက်
တာကြောင့် လူတွေနဲ့ ပြောဆို ဆက်ဆံ
ရတာ များလာရင် စိတ် ပင်ပန်း တတ်
ပါတယ် ။ အကောင်းဆုံး အပန်းဖြေ
နည်း ကတော့ ရေနွေး နဲ့ရေချိုး ပြီး
ကောင်းကောင်း အိပ်စက်လိုက်ခြင်း
ပဲ ဖြစ်ပါတယ် ။
☀ လူကဲခပ် ကောင်းသူတွေ ☀
အလိုလိုသိမြင်နိုင်စွမ်းရှိတဲ့ သူတွေ ဖြစ်တဲ့
အလျောက် တီထွင်ဖန်တီးနိုင်စွမ်းလည်း
အရမ်းမြင့်မားပါတယ်။ လူတစ်ယောက်
ကို ကြည့်လိုက်တာနဲ့ လူကောင်းလား၊
လူဆိုးလားဆိုတာ တန်းပြီးသိနိုင်သလို
ဘယ်သူ က ဘာအချိုး ချိုးမလဲ ဆိုတာ
ကြိုသိနိုင်စွမ်းရှိတဲ့သူတွေဖြစ်ပါတယ်။
ဒါကြောင့် သူတို့ နဲ့ ပတ်သက်ရင်
ရိုးသားပါ ။
☀ အချစ် ရို ☀
ချစ်သူကို ပြောတဲ့ စကားလေး တစ်ခွန်း က
အစ၊ အပြုအမူတိုင်းကို romantic ဆန်ဆန်
ပြုမူတတ်တဲ့ သူတွေပါ။ သူတို့ နဲ့ စတွေ့
တဲ့ နေ့ ကို ဘယ်တော့မှ မမေ့အောင်၊
သူတို့နဲ့ ချစ်နေတဲ့ကာလတလျှောက်
စိတ်ကြည်နူးမှုကို အပြည့်အဝ ခံစား
ရအောင်လုပ်ပေးမယ့်သူတွေပေါ့ ။
☀ နားလည် ရ ခက်တဲ့ ချစ် ဘာသာ ☀
အရမ်းကိုစိတ်ကူးယဉ်ဆန်ပြီး သူများနဲ့မတူ
လောက်အောင် ချစ်တတ်ကြတဲ့သူတွေ ပါ ။
သူတို့ကချစ်တတ်လွန်းတော့ ဘယ်သူကမှ
သူတို့ ချစ်သလောက် ပြန်မချစ်ဘူး လို့
အမြဲတမ်း ခံစား နေရ တတ်ပါတယ် ။
သူတို့လို ချစ်တတ်တဲ့ သူမျိုး ဆိုတာ
တွေ့ဖို့ ခက်ခဲလွန်း တာကြောင့်
အချစ် ဆိုတာကို လွယ်လွယ်နဲ့
မတွေ့နိုင်တဲ့သူတွေ ပါ ။
☀ Cele ချစ်သူ ☀ ( မိန်းကလေး သီးသန့် )
ကိုရီးယား ဇာတ်လမ်းတွဲ တစ်ခါ ပြီးတိုင်း
ပြောင်းလဲမှု ရှိပါတယ် ။ ကိုရီးယား
ဇာတ်လမ်းတွဲအသစ်ပေါ်လာတိုင်း
ပေါ်လာတဲ့ မင်းသားတိုင်း ကို
ကြိုက်နှစ်သက်တဲ့ ရူးသွပ်မှု
တစ်မျိူး ဖြစ်ပါတယ် ။
မင်းသားတွေအပေါ် အချစ်တွေ ဖြုန့်ကျက်
ထားသလိုမျိုး မင်းသားတိုင်းအပေါ်ကို
ရူးသွပ်တတ်ကြပါတယ် ။