Aquarius ( ♒ ) ကုံ ရာသီဖွား ?
( ဇန်နဝါရီလ ၂၀ ရက် – ဖေဖော်ဝါရီလ ၁၈ ရက် )
☀ ဦးစိတ်တို & ဒေါ်စိတ်တို ☀
အေးအေးဆေးဆေးနေတတ်ပြီး သူများတွေ
စိတ်ဆိုးနေချိန်မှာတောင် သူတို့က စိတ်ပြေ
အောင် နှစ်သိမ့် ပေးတတ်တဲ့ သူမျိုးပါ ။
သူတို့ရဲ့အားနည်းချက်၊ သူတို့တစ်သက်လုံး
ရှိခဲ့တဲ့ ခံစားချက် နဲ့ ပတ်သက်လို့ ထိခိုက်မိ
သွားရင်တော့ ဟန်မဆောင်နိုင်လောက်
အောင် စိတ်ဆိုးဒေါသထွက်နိုင်ပါတယ်။
ဥပမာ – မိသားစုနဲ့ပတ်သက်လို့နာကျင်
စရာရှိနေတာကိုမသိဘဲ အဲ့ဒီအကြောင်း
အရာနဲ့ပတ်သက်လို့အထိနာအောင်
သွားပြောမိတာမျိုးပါ ။
☀ လေ့လာ တဲ့ စာပေ ☀
အယူအဆ အဟောင်းတွေ မကြိုက်ဘဲ ၊
လွတ်လပ်တဲ့ အတွေးအခေါ် ပိုင်ရှင်ဖြစ်တဲ့
သူတို့ဟာ သူများတွေ ဖတ်ရခက်ပါတယ်
ဆိုတဲ့ စာအုပ်တွေကို ကိုင်လေ့ ရှိပါတယ်။
အခြားသူတွေက အဓိပ္ပါယ်မရှိဘူး ဆိုတဲ့
ဇာတ်လမ်းတွေ ၊ ယုတ္တိဗေဒ ဘောင် ကို
ကျော်လွန်တဲ့ အရေးအသားနဲ့ ဝတ္ထုတွေ
ကို ကြိုက်သူတွေပါ ။
☀ Thinkerလေးတွေ ☀
ဖြန့်ကျက်တွေးခေါ်နိုင်စွမ်း ကောင်းလွန်းပြီး
ဖန်တီးနိုင်တဲ့နေရာမှာလည်း သူမတူအောင်
ထူးချွန်ကြ ပါတယ် ။ ဘာကြောင့်လဲ ဆိုတဲ့
မေးခွန်းကို အမြဲတမ်း တွေးတတ်ပြီး
ဖြစ်နိုင်ချေ အမျိုးမျိုးကို စဉ်းစား
အဖြေရှာ တတ်ကြ ပါတယ် ။
သူတို့စိတ်ကျေနပ်လောက်တဲ့အဖြေမရမချင်း
တွေးနေတာကို မရပ်ဘဲ သူတို့ကိုယ်တိုင်
အဖြေထုတ်နိုင်တဲ့အထိ အတွေးအခေါ်
အားကောင်းတဲ့သူတွေဖြစ်ကြပါတယ် ။
☀ ဥာဏ်ကြီးရှင် ☀
အရမ်းဖြတ်ထိုးဥာဏ်ကောင်းပါတယ်။
ဘယ်အချိန်မှာ ဘာပြောသင့်တယ်၊
ဘာလုပ်သင့်လဲဆိုတဲ့ အခြေအနေ၊
အချိန်အခါကိုကြည့်တတ်ခြင်း
မှာလည်း အရမ်းကို ပါးနပ်
လိမ္မာတဲ့သူတွေပါ ။
တည်တည်ငြိမ်ငြိမ်၊ အေးအေးဆေးဆေး
နေတတ်တဲ့သူတွေဖြစ်ပါတယ်။ ကိုယ်ပိုင်
ဥာဏ်ရည်နဲ့ အရာရာတိုင်းကို ကွန့်မြူး
နိုင်စွမ်းရှိတဲ့ သူတွေဖြစ်ပါတယ် ။
သက်သေမခိုင်လုံပဲ ယုံတတ်တဲ့
သူတွေလည်း မဟုတ်ပါဘူး ။
☀ တစ်ကိုယ်တည်းသမား ☀
လွတ်လွတ်လပ်လပ်နေရတာလည်း အလွန်
ကြိုက်ပြီး လူရှုပ်လာရင် စိတ်ရှုပ်လာပြီး
ဒေါသတွေထွက်လာတတ်ပါတယ်။
သူတို့ရဲ့ ကိုယ်ပိုင်အချိန်လေးတွေကို အရမ်း
တန်ဖိုးထားပြီး တစ်ယောက်တည်းနေရမယ့်
အချိန်မှာ တခြားကိစ္စတစ်ခုခုလုပ်စရာရှိလာ
တာမျိုး၊ လာနှောက်ယှက်တာမျိုးကို လုံးဝ
မကြိုက်တာပါ။
သူတို့တန်ဖိုးထားတဲ့သူတွေ၊ ချစ်ခင်ရင်းနှီးတဲ့
သူတွေကလွဲရင် တခြားသူတွေကို အချိန်
ပေးဖို့ဝန်လေးတတ်ကြပါတယ်။
☀ ချစ်ခရီးဖော် အပေါ် လိုအင် ဆန္ဒ ☀
သူ့ကို အထီးမကျန်စေမယ့် သူမျိုးပါ ။ သူ
အားငယ်နေချိန်တိုင်း အနားမှာ ရှိနေသူ ၊
သူ့ကို စိတ်လှုပ်ရှားအောင် လုပ်နိုင်မယ့်
သူမျိုး ကို လိုချင်တာပါ ။ လျှို့ဝှက် ၊
ထက်မြက်တဲ့ သူမျိုး ဖြစ်အောင်
နေရင်တော့ သူ့ စိတ် ကို
သိမ်းပိုက် နိုင်မှာပါ ။
☀ တပါးသူ ပျော်ပါစေကြောင်း ☀
ပုံမှန်ဆို ခပ်တည်တည်နေတတ်တယ်လို့
ထင်ရပေမယ့် တကယ်တမ်း မှာတော့
ဟာသတွေ ပြောပြီး ရယ် နေရအောင်
လုပ်ပေးတတ် သူတွေပဲဖြစ်ပါတယ် ။
သူတို့နဲ့ နေရင် ပျင်းစရာ ကောင်းလိမ့်မယ်
လို့ထင်ခဲ့သမျှ တကယ်တမ်းပေါင်းကြည့်တဲ့
အခါ အရမ်းပျော်တတ်တဲ့ အတည်ပေါက်နဲ့
နောက်တဲ့ သူတွေ ဖြစ်ပါတယ် ။
☀ သူ ကြိုက်တဲ့ ချစ်သက်လက်ဆောင် ☀
နားလည်ရ ခက်သူတွေ ဖြစ်ပြီး surprises
လုပ်ပေးတာကို မကြိုက်ဘူး လို့ ထင်ရ
ပေမယ့် အရမ်း သဘောကျ တတ်တဲ့
သူတွေဖြစ်ပါတယ် ။
ကိုယ်တိုင် လုပ်ထားတဲ့ ပန်းစည်း၊အရုပ်၊
ပို့စကတ်လေးတွေကို နှစ်သက်တတ်ပြီး
သူတို့ကိုယ်တိုင်ကလည်း surprises
ပြန်လုပ်ရတာကို သ ဘောကျ
တတ်ကြပါတယ် ။
☀ ရူပါရုံ ☀
အပြင်ပိုင်း လှရုံတင်မကပဲ အတွင်းစိတ်
သဘောထား လည်း လှတဲ့ သူတွေပါ ။
သူတို့ရဲ့အဓိက ဆွဲဆောင်မှု ကတော့
ကိုယ့် အားကိုယ်ကိုးခြင်း၊ လွတ်လပ်ခြင်း
နဲ့ ကိုယ်ပိုင် အတွေးအခေါ်ကောင်းတွေ
ရှိနေခြင်းပါပဲ ။
ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သလို
သူတစ်ပါးကို ကူညီတတ်တဲ့ သူတို့ရဲ့
စိတ်ထားလေးက သူတို့ကို ပိုပိုပြီး
ဆွဲဆောင်မှု ရှိစေပါတယ် ။
☀ လောကီ အပူ စိတ်ပျက်သူ ☀
တစ်ယောက်တည်းနေရတာကိုကြိုက်တယ်၊
တစ်ယောက်တည်းလည်းပြီးပြည့်စုံတယ်၊
သူတို့ရဲ့ ကိုယ်ပိုင်ဘဝလေးက အေးချမ်း
တယ် လို့ ခံယူထားတဲ့ သူတွေပါ ။
လက်ထပ်လိုက်တဲ့အခါ အဲ့ဒီလို ပြီးပြည့်စုံ
တဲ့ ဘဝလေး ကို အနှောက်အယှက်တွေ
ဝင်လာမယ်လို့ ထင်နေပြီး အိမ်ထောင်ပြုဖို့
တွေးကိုမတွေးကြတာပါ။ တစ်ဦးတည်း
လည်းသာယာနေတဲ့ဘဝကို ပျက်စီးမခံ
နိုင်တဲ့ သူတွေပေါ့ ။
☀ လက်တကမ်း အကွာ က ပန်းတိုင် ☀
တစ်ယောက်တည်း ရပ်တည် နိုင်တဲ့ အစွမ်း
ရှိတဲ့နေရာမှာတော့ သူတို့တွေ ကို ဘယ်သူ
မှမမီပါဘူး။ ဘာကိုမဆို တစ်ယောက်တည်း
လုပ်နိုင်ပြီး ဘယ်သူ့ အကူအညီမှမရလည်း
ဂရုစိုက် နေမှာ မဟုတ်ပါဘူး ။ အမှီအခို
ကင်းလွန်းတဲ့သူတွေ ဖြစ်လို့ သူတို့တွေ
ကို ပြိုလဲသွားအောင် တိုက်ခိုက်ဖို့ဆိုတာ
လည်း တော်တော် မလွယ် ပါဘူး ။
☀ တွေးပူ ရတဲ့ အကြောင်းတရား ☀
ပျော့ညံ့ မှာကို ကြောက်တယ်
သူတို့ရဲ့ ပျော့ညံ့မှာကို ကြောက်ရွံ့တဲ့စိတ်
ကပဲ သူတို့ကို ပျော့ညံ့ စေနိုင် ပါတယ် ။
ပင်ကိုယ် သဘာဝ အရ တစ်ခုခု ကို
မရရှိမှာကို စိုးရိမ်နေတဲ့ မလုပ်နိုင်ဘူး
လို့ ထင်နေမိတဲ့စိတ်ကို အရင်ဆုံး
ပျောက်အောင် ဖျောက်ဖို့ လိုအပ်
ပါတယ် ။
ကိုယ်လက်မသန်စွမ်းပဲ မွေးလာတဲ့ကလေး
တွေဟာ သူတို့မျှော်မှန်းသလောက် သန်မာ
ကြံ့ခိုင်မှု ကို မရနိုင် ပါဘူး ။ ဒါပေမယ့်
စိတ်ဓါတ် ကြံ့ခိုင်မှု နဲ့ ကြိုးစား ရင်
မလုပ်နိုင်ဖူး လို့ ထင်တာတွေ ကို
လုပ်နိုင် လာတာ ကို သတိရပါ ။
☀ စိတ်ရော ကိုယ်ပါ အနား ရစေ ဖို့ ☀
ဘာ အကြောင်း ကြောင့်ပဲ ပင်ပန်း ပင်ပန်း
ကိုယ် ဝါသနာ ပါတာလေးတွေ လုပ်ပြီး ၊
စာအုပ် တစ်အုပ် ဖတ်တာမျိုး ၊ ရုပ်ရှင်
တစ်ကားလောက် ကြည့်တာမျိုး
လုပ်လိုက်ရင် စိတ်လက်ပေါ့ပါး
သွားပါ လိမ့်မယ် ။
☀ ဝိဥာဉ်များ နဲ့ ကခုန်ခြင်း ☀
တကယ်တော့ စိတ်မာချင်ယောင်ဆောင်
ထားကြတဲ့ စိတ်ပျော့ တတ်ကြ သူတွေ
ဖြစ်ပါတယ်။ စိတ်ပျော့သူ တော်တော်
များများက သူတို့ရဲ့ ပျော့ကွက် ကို
ဖုံးထားချင်ကြလို့ စိတ်မာချင်
ယောင်ဆောင်ထား
တတ်ကြပါတယ် ။
သူတို့တွေရဲ့ နောက်တစ်ခု ကတော့
သရဲကြောက်တတ်ကြတာပါပဲ။ သရဲ
ကြောက် တတ်တာ ထိပ်ဆုံး က
ဖြစ်ပါတယ် ။