ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ (အခွင့်အရေးများနှင့် ကင်းလွတ်ခွင့်များ) အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄။)

၁၃၇၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက်

(၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်)

     ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။

ဤဥပဒေကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ (အခွင့်အရေးများနှင့်ကင်းလွတ်ခွင့်များ) အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။

၂။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ (အခွင့်အရေးများနှင့်ကင်းလွတ်ခွင့်များ) အက်ဥပဒေပုဒ်မ ၃ တွင် ပါရှိသော “ပြည်ထောင်အချင်းချင်း သဘောတူစာချုပ်၊ အပြည်ပြည်ဆိုင်ရာ သဘောတူ စာချုပ်၊ သို့တည်းမဟုတ် အခြားစာချုပ်စာတမ်း” ဆိုသည့် စကားရပ်ကို “အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံအချင်းချင်းဆိုင်ရာ စာချုပ်များ” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၃။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ (အခွင့်အရေးများနှင့်ကင်းလွတ်ခွင့်များ) အက်ဥပဒေပုဒ်မ ၄ ကို အောက်ပါအတိုင်း အစားထိုးရမည် –

“၄။

နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဤအက်ဥပဒေပါ ကိစ္စရပ်များကို ဆောင်ရွက်ရန် အလို့ငှာ –

(က)

လိုအပ်သော နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်ထုတ်ပြန်နိုင်သည်။

(ခ)

လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများကို ထုတ်ပြန်နိုင်သည်။”

၄။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ (အခွင့်အရေးများနှင့်ကင်းလွတ်ခွင့်များ) အက်ဥပဒေဇယား၊ Article-1\Section-1 တွင် ပါရှိသော “judicial” ဆိုသည့် စကားရပ်ကို “juridical” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။

 (ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။