မျိုးစေ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၅။)

၁၃၇၆ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက်

(၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်)

       ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကိုပြဋ္ဌာန်းလိုက်သည်။

၁။

ဤဥပဒေကို မျိုးစေ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။

၂။

မျိုးစေ့ဥပဒေ ပုဒ်မ ၂ တွင် –

(က)

ပုဒ်မခွဲ (င) ၏ နောက်၌ ပုဒ်မခွဲ (င-၁) နှင့် (င-၂) တို့အဖြစ် အောက်ပါ အတိုင်း ဖြည့်စွက်ရမည် –

“(င-၁)

မိဘမျိုးလိုင်း ဆိုသည်မှာ အပင်မျိုး မွေးမြူထုတ်လုပ်ရန် မိဘအဖြစ် အသုံးပြုသော မျိုးလိုင်းကို ဆိုသည်။

(င-၂)

နှစ်ရှည်သီးနှံ ဆိုသည်မှာ တစ်ဆက်တစ်စပ်တည်း စိုက်ပျိုးထားပြီး အပင် အမျိုးအစား အလိုက် နှစ်ကာလတစ်ခုအထိ အကျိုးအမြတ် ရရှိနိုင်မည့် သီးနှံကိုဆိုသည်။”

(ခ)

ပုဒ်မခွဲ (ဈ) ၌ ပါရှိသော “စီးပွားရေးအလို့ငှာ ဖြန့်ဖြူးခြင်း” ဆိုသည့် စကားရပ်ကို “ပြည်ပသို့ တင်ပို့၍ဖြစ်စေ စီးပွားရေးအလို့ငှာ ဖြန့်ဖြူးခြင်း” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

(ဂ)

ပုဒ်မခွဲ (ည) ၌ ပါရှိသော “သတ်မှတ်သော အလေးချိန်” ဆိုသည့် စကားရပ် ကို “သီးနှံအမျိုးအစားအလိုက် သတ်မှတ်ထားသော အလေးချိန်” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၃။

မျိုးစေ့ဥပဒေတွင် ပါရှိသော “အမျိုးသားမျိုးစေ့ကော်မတီ” ဆိုသည့် စကားရပ်ကို “မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၄။

မျိုးစေ့ဥပဒေတွင် ပါရှိသော “မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း” ဆိုသည့် စကားရပ်ကို “စိုက်ပျိုးရေးဦးစီးဌာန” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ “ဦးဆောင် ညွှန်ကြားရေးမှူး” ဆိုသည့်စကားရပ်ကို “ညွှန်ကြားရေးမှူးချုပ်” ဆိုသည့် စကားရပ်ဖြင့် လည်းကောင်း အသီးသီးအစားထိုးရမည်။

၅။

မျိုးစေ့ဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (ဆ) ၏ နောက်၌ ပုဒ်မခွဲ (ဇ) အဖြစ် အောက်ပါ အတိုင်း ဖြည့်စွက်၍ မူလဥပဒေပါပုဒ်မခွဲ (ဇ) ကို ပုဒ်မခွဲ (ဈ) အဖြစ် ပြောင်းလဲ အမှတ်စဉ်ရမည် –

“(ဇ)

မှတ်ပုံတင်လက်မှတ်ခ၊ မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးမြှင့်ခ၊ လိုင်စင်ခ၊ လိုင်စင်သက်တမ်းတိုးမြှင့်ခနှင့် အခြားအခကြေးငွေ တို့ကို ဝန်ကြီးဌာန၏ သဘော တူညီချက်ဖြင့် သတ်မှတ်ခြင်း၊”

၆။

မျိုးစေ့ဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ (က) တွင် ပါရှိသော”စိုက်ပျိုးရေး သုတေသန ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်”ဆိုသည့် စကားရပ်ကို “စိုက်ပျိုးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မျိုးစေ့ဌာနခွဲ)” ဆိုသည့်စကားရပ်ဖြင့် အစားထိုး ရမည်။

၇။

မျိုးစေ့ဥပဒေ ပုဒ်မ ၈ ကို အောက်ပါအတိုင်း အစားထိုးရမည် –

“၈။

(က)

အသိအမှတ်ပြုလက်မှတ်ရရှိရန် အပင်မျိုးသစ်ကို စမ်းသပ် စိုက်ပျိုးရန် ပြည်တွင်းသို့ တင်သွင်းလိုသူသည် မိမိတင်သွင်း လိုသည့် အပင်မျိုးသစ် တင်သွင်းခွင့် အတွက် ထောက်ခံချက် ရရှိရန် မျိုးစေ့ နမူနာနှင့်တကွ အချက်အလက် အပြည့်အစုံကို သတ်မှတ်ချက် များနှင့်အညီ မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီသို့ လျှောက်ထား ရမည်။

(ခ)

မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီသည် ပုဒ်မခွဲ (က) အရ လျှောက် ထားချက်နှင့် စပ်လျဉ်း၍ မျိုးစေ့ကျွမ်းကျင်မှု ဆိုင်ရာကော်မတီအား သတ်မှတ်ချက်များနှင့်အညီ စိစစ်စေပြီး အပင်မျိုးသစ်ကို ပြည်တွင်း သို့ တင်သွင်းခွင့်ရရှိရေးအတွက် ထောက်ခံချက် ထုတ်ပေး နိုင်သည်။”

၈။

မျိုးစေ့ဥပဒေ ပုဒ်မ ၉ ကို အောက်ပါအတိုင်း အစားထိုးရမည် –

“၉။

(က)

အပင်မျိုးသစ်ကို စီးပွားရေးအလို့ငှာ ထုတ်လုပ်ခြင်း သို့မဟုတ် ပြည်တွင်းသို့ တင်သွင်းခြင်းပြုလုပ်လိုသူသည် မိမိထုတ်လုပ်လိုသည့် သို့မဟုတ် ပြည်တွင်းသို့ တင်သွင်းလိုသည့် အပင်မျိုးသစ်အတွက် အသိအမှတ်ပြုလက်မှတ် ရရှိရန် အပင်မျိုးသစ်၏ မျိုးစေ့ နမူနာနှင့် တကွ အချက်အလက်အပြည့်အစုံကို သတ်မှတ်ချက်များနှင့်အညီ မျိုးစေ့ဆိုင်ရာ အမျိုးသား ကော်မတီသို့ တင်ပြ၍ လျှောက်ထား ရမည်။

(ခ)

မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီသည် ပုဒ်မခွဲ (က) အရ လျှောက်ထားချက်နှင့် စပ်လျဉ်း၍ စမ်းသပ်စိုက်ပျိုးပြီး စိစစ်တင်ပြရန် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာ ကော်မတီသို့ တာဝန် ပေးအပ်ရမည်။ ယင်းသို့တာဝန်ပေးအပ်ရာတွင် စပ်မျိုးမိဘမျိုးလိုင်းနှင့် နှစ်ရှည် သီးနှံ မျိုးသစ်များကို စမ်းသပ်စိုက်ပျိုးခြင်းမှ ကင်းလွတ်ခွင့်ပြုနိုင်သည်။”

၉။

မျိုးစေ့ဥပဒေ ပုဒ်မ ၁၀ ကို အောက်ပါအတိုင်း အစားထိုးရမည် –

“၁၀။

မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီသည် –

(က)

အပင်မျိုးသစ်ကို အပင်မျိုးနှင့်သင့်လျော်ပြီး ရာသီဥတုကွဲပြား ခြားနားသည့် ဒေသသုံးခု၌ အနည်းဆုံး တစ်ရာသီ စမ်းသပ် စိုက်ပျိုး၍ အောက်ပါအချက်များပေါ်တွင် အခြေခံပြီး အပင်မျိုးသစ် အဖြစ် အသိအမှတ်ပြုရန် သင့်၊ မသင့် စိစစ်ရမည်-

(၁)

ပြည်တွင်း၌ စိုက်ပျိုးပါက ကောင်းမွန်စွာ ဖြစ်ထွန်းနိုင်ခြင်း ရှိ မရှိ၊

(၂)

စမ်းသပ်စိုက်ပျိုးသော အပင်မျိုးသစ်သည် လက်ရှိ အပင်မျိုး ထက် သာလွန် ကောင်းမွန်သော အချက်များ ရှိ၊ မရှိ နှင့် ထူးခြားသည့် အရည်အသွေး ရှိ၊ မရှိ၊

(၃)

အပင်မျိုးသစ်သည် သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံ မျိုးကွဲများကို ထိခိုက်နိုင်ခြင်း ရှိ မရှိ။

(ခ)

ပုဒ်မခွဲ (က) အရ စိစစ်တွေ့ရှိသည့် အပင်မျိုးသစ်ကို လည်းကောင်း၊ မိဘမျိုးလိုင်းနှင့် နှစ်ရှည် သီးနှံများအတွက် အပင်မျိုးနှင့် သက်ဆိုင် သည့် အရည်အသွေး လက္ခဏာများ၊ သတင်းအချက်အလက် များကို ပြည့်စုံစွာပြုစုထားသည့် မှတ်တမ်းများကိုလည်းကောင်း စိစစ်၍ အသိအမှတ်ပြု လက်မှတ် ထုတ်ပေးရန် သင့်၊ မသင့် သဘောထား မှတ်ချက်နှင့်အတူ မျိုးစေ့ဆိုင်ရာ အမျိုးသား ကော်မတီသို့ တင်ပြ ရမည်။”

၁၀။

မျိုးစေ့ဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (က) တွင် ပါရှိသော “ထောက်ခံ” ဆိုသည့် စကားရပ်ကို “သဘောထားမှတ်ချက်နှင့်အတူ” ဆိုသည့်စကားရပ်ဖြင့် အစားထိုးပြီး “ထုတ်လုပ်ရန် သို့မဟုတ် ပြည်တွင်းသို့ တင်သွင်းရန် လျှောက်ထားသော” ဆိုသည့်စကားရပ်ကို ပယ်ဖျက်ရမည်။

၁၁။

မျိုးစေ့ဥပဒေ ပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ) တွင် ပါရှိသော “မျိုးစေ့အမျိုးအစား” ဆိုသည့် စကားရပ်ကို “သီးနှံအမျိုးအစား”ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၁၂။

မျိုးစေ့ဥပဒေ ပုဒ်မ ၁၈၊ ပုဒ်မခွဲ (ဃ)၊ ပုဒ်မခွဲငယ် (၈) ၏ နောက်တွင် ပုဒ်မခွဲငယ် (၈-က) အဖြစ် အောက်ပါအတိုင်းအသစ်ဖြည့်စွက်ရမည် –

“(၈-က)

မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ၏ အသိအမှတ်ပြု မှတ်ပုံတင် လက်မှတ် ရရှိထားသော မျိုးစေ့အရည်အသွေး စစ်ဆေးခန်း၏ ထောက်ခံချက်၊”

၁၃။

မျိုးစေ့ဥပဒေ ပုဒ်မ ၂၈ တွင် ပါရှိသော “ကျပ်နှစ်သိန်း” ဆိုသည့်စကားရပ်ကို “ကျပ်တစ်ဆယ်သိန်း” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၁၄။

မျိုးစေ့ဥပဒေ ပုဒ်မ ၂၉ တွင် ပါရှိသော “ကျပ်တစ်သိန်း” ဆိုသည့် စကားရပ်ကို “ကျပ်တစ်ဆယ်သိန်း” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၁၅။

မျိုးစေ့ဥပဒေ ပုဒ်မ ၃၁ တွင် –

(က)

ပုဒ်မခွဲ (က) ၌ ပါရှိသော “ဖြန့်ဖြူးရောင်းချခြင်း” ဆိုသည့် စကားရပ်ကို “စီးပွားရေး အလို့ငှာမဟုတ်သော ဖြန့်ဖြူးရောင်းချခြင်း” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

(ခ)

ပုဒ်မခွဲ (ခ) ၌ ပါရှိသော “မျိုးပွားခြင်းမဟုတ်ဘဲ” ဆိုသည့် စကားရပ်ကို “မျိုးပွားခြင်း မဟုတ်ဘဲ သီးနှံစေ့” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၁၆။

မျိုးစေ့ဥပဒေ ပုဒ်မ ၃၂ တွင် ပါရှိသော “မျိုးစေ့ထုတ်လုပ်ဖြန့်ဖြူးသော တောင်သူ လယ်သမားနှင့် မျိုးစေ့သုတေသနလုပ်သူ” ဆိုသည့်စကားရပ်ကို “စီးပွားရေး အလို့ငှာ မဟုတ်သည့် မျိုးစေ့ထုတ်လုပ်ဖြန့်ဖြူးသော တောင်သူလယ်သမားနှင့် မျိုးစေ့ သုတေ သန ပြုလုပ်သူ” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၁၇။

မျိုးစေ့ဥပဒေ ပုဒ်မ ၃၃ ကို အောက်ပါအတိုင်း အစားထိုးရမည် –

“၃၃။

စိုက်ပျိုးရေးဦးစီးဌာနသည် သဘာ၀ဘေးအန္တရာယ်နှင့် အခြား ထိခိုက် ပျက်စီးမှုများကြောင့် သီးနှံပြန်လည်စိုက်ပျိုးရန် အပင်မျိုး လိုအပ်ချက် ဖြစ်ပေါ်လာပါက အပင်မျိုး အဖြစ် အသုံးပြုသင့်သည့် သီးနှံစေ့များကို စိုက်ပျိုးခွင့်ပြုနိုင်သည်။”

၁၈။

မျိုးစေ့ဥပဒေ ပုဒ်မ ၃၄ တွင် ပါရှိသော “အစိုးရဌာန၊ အဖွဲ့အစည်း တစ်ခုခု” ဆိုသည့် စကားရပ်ကို “အစိုးရဌာနများ” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၁၉။

မျိုးစေ့ဥပဒေ ပုဒ်မ ၃၇ တွင် ပါရှိသော “ပြည်တွင်းသို့ တင်သွင်းလိုသူ” ဆိုသည့် စကားရပ်၏ နောက်တွင် “သို့မဟုတ် ပြည်ပသို့ တင်ပို့လိုသူ” ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်။

၂၀။

မျိုးစေ့ဥပဒေ ပုဒ်မ ၃၉ ကို အောက်ပါအတိုင်း အစားထိုးရမည် –

“၃၉။

(က)

မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီနှင့် မျိုးစေ့ကျွမ်းကျင်မှု ဆိုင်ရာ ကော်မတီ၏ ရုံးလုပ်ငန်းများကို စိုက်ပျိုးရေး ဦးစီးဌာနက ဆောင်ရွက်ရမည်။

(ခ)

ပုဒ်မ ၇ အရ ဖွဲ့စည်းထားသော ကော်မတီခွဲများ၏ ရုံးလုပ်ငန်း များကို ဝန်ကြီးဌာန လက်အောက်ရှိ သက်ဆိုင်ရာဌာနက ဆောင်ရွက်ရမည်။”

       ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။

 (ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။