#ဇော်ဝင်းထွဋ် ကြော်ငြာတဲ့ “မုတ်ဆိတ်ရိတ်ဓားမှာ ဂျီးလက်” ဆိုတဲ့ #Gillette ကုမ္ပဏီနဲ့ အရင်က အမေရိကန်နိုင်ငံမှာ WW1 လောက်က ဒုတိယ နာမည် အကြီးဆုံး Burma Shave ဆိုတဲ့ မုတ်ဆိတ်ရိတ် ပစ္စည်းတွေ ထုတ်ခဲ့တဲ့ ကုမ္ပဏီက အတူတူပဲ ဆိုရင် အံ့ဩကြမလားပဲ။
.
လွန်ခဲ့တဲ့ အနှစ် ၄၀၀ လောက်က မြန်မာပြည်ကို ရောက်လာတဲ့ နိုင်ငံခြားသားတွေက အသက် ၅၀ လောက်ရှိတဲ့ မြန်မာဘုရင်က မုတ်ဆိတ်မွှေးမပေါက် သလောက်ဆိုတော့ အသက် အစိတ်လောက်ပဲ ထင်ရတယ်လို့ သူ့မှတ်တမ်းတွေထဲ ရေးထားခဲ့တာနဲ့၊ Burma Shave ကို သတိတရနဲ့ share လိုက်ပါတယ်။ “Burma Shave မုတ်ဆိတ်ရိတ် ပစ္စည်းတွေ သုံးရင် မြန်မာတစ်ယောက်လို ပြောင်ရှင်းသွားစေရမယ်” လို့ ကမ္ဘာမှာ မြန်မာကို စံတစ်ခု ထားပြီး ပြောဆို ကြော်ငြာခဲ့တဲ့ ခေတ်တွေ ရှိခဲ့ဖူးတယ်။
.
(ကိုကိုပိန်းတွေ “မုတ်ဆိတ်မွှေး ကောင်းကောင်း မပေါက်ရင် ဗမာစစ်တယ်” လို့ လူမျိုးခွဲခြားရေး ဖွကြဦးမလား မသိဘူး။ မဖွကြပါနဲ့ဗျာ။ ပညာနည်းတဲ့ လူတွေကို စီးပွားရေးအရ နိုင်ငံရေးအရ လိမ်စားနေတာတွေ မြင်ရတာ စိတ်ကုန်လွန်းလို့ဗျာ။ DNA စစ်ကြည့်ရင် ကမ္ဘာမှာ ဘယ်မှာမှ ၁၀၀% စစ်စစ် မြန်မာ၊ ၁၀၀% စစ်စစ် တရုတ်၊ ၁၀၀% စစ်စစ် ဂျပန် ဆိုပြီး၊ ၁၀၀% စစ်ပါတယ်ဆိုတဲ့ လူမျိုးဆိုတာ ရှိကို မရှိပါဘူး ခင်ဗျာ။ ၁၀၀% စစ်စစ် homo-sapien တောင် အတော် ရှားနေပြီလေ။)
ဗဟုသုတအဖြစ် ဒါလေးဖတ်ကြည့်ပါ #zshtut >>
.
Burma-Shave ကို 1925 ခုနှစ်တွင် Clinton Odell ပိုင်ဆိုင်သော Minneapolis ရှိ Burma-Vita ကုမ္ပဏီမှ စတင်မိတ်ဆက်ခဲ့သည်။ ကုမ္ပဏီ၏ မူရင်းထုတ်ကုန်မှာ “မလေးကျွန်းဆွယ်နှင့် မြန်မာနိုင်ငံ” မှ ဆင်းသက်လာသည်ဟု ဖော်ပြထားသော ပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် ထုံးသုတ်ခြင်း ဟု ခေါ်ခဲ့ကြသည်။ နောက်ပိုင်း အရောင်းကျဲသွားသဖြင့် ကုမ္ပဏီသည် ပိုမိုကျယ်ပြန့်သော ဆွဲဆောင်မှုရှိသော ထုတ်ကုန်တစ်ခုကို မိတ်ဆက်ခြင်းဖြင့် အရောင်းချဲ့ထွင်ရန် ကြိုးပမ်းခဲ့သည်။
စုတ်တံမလိုသော မုတ်ဆိတ်ရိတ်ခရင်မ်၏ Burma-Shave အမှတ်တံဆိပ်နှင့် ၎င်း၏ ကြော်ငြာအစီအစဉ်ကို ထုတ်လွှင့်ခဲ့သည်။ ရောင်းအားတက်လာသည်။ အထွတ်အထိပ်ရောက်ချိန်တွင် Burma-Shave သည် US တွင် ဒုတိယအရောင်းရဆုံး Brushless Shaving Cream ဖြစ်လာခဲ့သည်။
1950 ခုနှစ်များတွင် ရောင်းအားကျဆင်းသွားပြီး 1963 ခုနှစ်တွင် ကုမ္ပဏီအား Philip Morris သို့ ရောင်းချခဲ့သည်။ ထိုအချိန်က နာမည်ကြီး ကြော်ငြာဆိုင်းဘုတ်များကို ဖယ်ရှားခဲ့သည်။ အမှတ်တံဆိပ်သည် မြင်နိုင်စွမ်းနည်းသွားကာ နောက်ဆုံးတွင် American Safety Razor ကုမ္ပဏီ၏ ပိုင်ဆိုင်မှုဖြစ်လာခဲ့သည်။
More info: https://en.wikipedia.org/wiki/Burma-Shave