Connect with us

အရင်က မြန်မာနိုင်ငံမှာ အရက်ဘီယာ တစ်ပုလင်း လက်ထဲတွေ့ရင် “ရာဇဝတ်မှု” တဲ့ 

MYANMAR HISTORY

အရင်က မြန်မာနိုင်ငံမှာ အရက်ဘီယာ တစ်ပုလင်း လက်ထဲတွေ့ရင် “ရာဇဝတ်မှု” တဲ့ 

ဟုတ်တယ်။ အခုခေတ် အာရပ် အစ္စလာမ် နိုင်ငံတွေမှာလိုပဲ၊ ရှေးခေတ်က အရက်ပါလာရင် လက်ဝယ်တွေ့ရင် ဖမ်းတယ်ဆိုပဲဗျ။ (ဒီစာအုပ်ထဲမှာ အထောက်အထား သွားတွေ့တယ်။ စာမျက်နှာ ၂၄၃ မှာပါ။)
 
တစ်ချိန်က တောင်ငူမြို့ရဲ့ မြောက်ဘက်ကျော်ရင် မြန်မာဘုရင် အုပ်ချုပ်တဲ့ အထက်မြန်မာနိုင်ငံ။ အဲဒီတောင်ဘက်က အင်္ဂလိပ် အုပ်ချုပ်တဲ့ အောက်မြန်မာနိုင်ငံ ဖြစ်ခဲ့ဖူးတယ်။ မင်းတုန်းမင်း၊ သီပေါမင်း လက်ထက်လောက်ကပေါ့ဗျာ။ (မင်းတုန်းမင်းနဲ့အတူ ပဉ္စသံဃာယနာတင်ခဲ့တဲ့) သာသနာပိုင်က ဒီအမိန့်ထုတ်ထားခဲ့တယ် ဆိုလားပဲ ရေးထားပါတယ်။ အောက်မြန်မာနိုင်ငံမှာ ဘီယာ သောက်လို့ ရပေမဲ့၊ အထက် မြန်မာနိုင်ငံမှာ သောက်လို့ မရတဲ့ အကြောင်း ရေးထားပါတယ်။ ကိုယ်တိုင် ဖတ်ကြည့်ကြပါ။ (အနီရောင် underline တားထားပါတယ်) စိတ်ဝင်စားစရာ ကောင်းမယ့် ဒီစာအုပ်ထဲ ပါသမျှ ရှေးဓာတ်ပုံလေးတွေ တွဲတင်ထားပါတယ်။
(အရက်၊ ဆေးလိပ်ဆိုတာ အခြား နိုင်ငံတွေမှာ လွယ်လွယ် ဝယ်မရအောင် ကန့်သတ်မှုတွေ အမျိုးမျိုးနဲ့ ပိတ်ဆို့ထားလေ့ ရှိကြတယ်။ အခုဆို ထိုင်းမှာ အရက် သို့မဟုတ် ဆေးလိပ်ကို လှမ်းမြင်လို့ သတိရပြီး ဝယ်တာမျိုး မဖြစ်အောင် ကုန်စုံဆိုင်တွေမှာ ဖုံးထားကြရမယ်လို့ ဥပဒေနဲ့ တားမြစ်ထားတယ်။ မနက် ပိုင်းဆိုရင် အရက်ဝယ်လို့ မရဘူး။ ဗုဒ္ဓဘာသာ နေ့ကြီးရက်ကြီးဆိုရင် အရက် မရောင်းရဘူး။ မြန်မာနိုင်ငံမှာ ဒီအရက်ကြောင့် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး တွေ ချွတ်ချုံကျနေတာ မိသားစုတွေ အများကြီးပါ။ အခြား ကွင်းဆက် ပြဿနာတွေ အများကြီး ဖြစ်စေတာ၊ လူတွေ အသက်တိုနေတာ တွေလည်း သိကြ ကြားကြမှာပါ။
ကောင်းတာတွေကျတော့ အတုယူဘို့၊ ဒါမျိုးကတော့ အရင်က သာသနာပိုင် ဆရာတော်လို၊ သတ္တိ ရှိရှိ တားမြစ်ဘို့၊ အခွန်မြှင့်ဘို့ ပြောရဲတဲ့ ဘုန်းကြီးကြီးတွေ တစ်ပါးမှ ဒီခေတ်မှာ မရှိကြတော့ဘူးလားဗျာ။) 🙁 #zshtut
စာအုပ်အမည်။ A Burmese Loneliness a tale of travel in burma the southern shan states and keng tung
စာရေးသူ။ Capt. Enriquez
ဒီစာအုပ် တစ်အုပ်လုံးကို အပြည့်အစုံ ဖတ်ရှုနိုင်တဲ့‌ လင့်ကိုလည်း မျှလိုက်ပါတယ်ခင်ဗျား။

Continue Reading
Advertisement
You may also like...

More in MYANMAR HISTORY


မြန်မာနက် သတင်း

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ပေါ်လစီများကြောင့်၊ ကမ္ဘာ့သတင်းများသာ ဖော်ပြထားနိုင်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


⦿ #MyanmarNet နှင့် Win မြန်မာဖောင့်တို့သည် #မြန်မာနက် ဆော့ဝဲကုမ္ပဏီ၏ ၁၉၉၈ ကတည်းက အသုံးပြုသည့် အမျိုးသား အိုင်စီတီဆုရ နိုင်ငံကျော် ကုန်အမှတ်တံဆိပ်များ ဖြစ်သည်။ ခွင့်ပြုချက်မရှိဘဲ ဆင်တူရိုးမှား /သံတူကြောင်းကွဲ အသုံးပြုခြင်းကို သတိပေးတားမြစ်ထားသည်။ ⦿ Millions of users have viewed our internet services by Myanmar Net since 1998.

All rights reserved by
Myanmar Net ® https://မြန်မာ.Net


Advertisement

Myanmar Net News

Advertisement
To Top
page views so far.