MYANMAR HISTORY
2023 – နေ့နံနဲ့ကိုက်အောင် လူနာမည်မှည့်တဲ့ ဓလေ့က ဘယ်ခေတ်က စခဲ့တာပါလဲ?
မေးပါများ စကားရမို့ မေးပါရစေ..
⦿ နေ့နံနဲ့ကိုက်အောင် လူနာမည်မှည့်တဲ့ ဓလေ့က ဘယ်ခေတ်/ဘယ်နှစ်လောက်က စခဲ့တာပါလဲ?
⦿ ဂရိ Zodiac signs တွေနဲ့ တန်ခူး၊ ကဆုန်၊ နယုန်တွေက ဘာလို့ လာတူနေရတာတုန်းဗျာ?
⦿ မြန်မာအက္ခရာ ၃၃ လုံးကို နေ့နံအလိုက် ဘယ်တုန်းက ဝေစုခွဲခဲ့တာပါလဲ?
⦿ နေ့နံ ၈ထောင့် ဘယ်တုန်းကပေါ်လာသလဲ? ဗုဒ္ဓဟူးနေ့ကို ဘယ်တုန်းက ထက်ခြမ်းခွဲခဲ့တာလဲ?
⦿ မိဿ, ပြိဿ, မေထုန် စတဲ့ရာသီတွေက မြန်မာယဉ်ကျေးမှုထဲ ဘယ်တုန်းက ရောက်လာတာပါလဲ? သိတဲ့မိတ်ဆွေများ ဗဟုသုတ ပြန်မျှပေးဘို့ မေတ္တာရပ်ခံပါတယ်…
.
ကျွန်တော်တို့ မြန်မာ ယဉ်ကျေးမှုထဲမှာ ဘယ်နေ့သား/သမီး၊ ဘယ်နေ့နံနဲ့နာမည်၊ ဘယ်နေ့နံနဲ့ပစ္စည်း၊ ဘယ်နေ့နံနဲ့ အရောင် စတဲ့ အယူအဆတွေက များလွန်းလှပါတယ်။ လက်ထပ်တာကအစ၊ အလုပ်ခွင်မှာ အဆုံး ဗေဒင်ယတြာ အယူအဆတွေက မြန်မာတွေအကြားမှာ မူးနောက်လောက်အောင် ရှုပ်ထွေးလွန်းလှပါတယ်။ ကလေး တစ်ယောက်မွေးရင်လည်း နေ့နံနဲ့ ကိုက်မယ့် နာမည်လှလှရအောင် မိဘတွေကလည်း အတော် အလုပ်ရှုပ်ကြရတယ်။ အမှန်တော့ အယူသည်းကြတဲ့အထဲမှာ မြန်မာတင်မကဘူး၊ မြန်မာ ခရစ်ယာန် နဲ့ မြန်မာမူဆလင်တွေတောင် တွေ့ရတတ်သေးတယ်။ 😀
.
တစ်ခုချင်း ဆွေးနွေးကြည့်ပါ့မယ်။
[၁] ရှေးကမြန်မာတွေက နေ့နံနဲ့ ကိုက်အောင် နာမည်မမှည့်ထားတာ သွားတွေ့တယ်။ အလောင်းမင်းတရား (လူနာမည်- ဦးအောင်ဇေယျ) က သောကြာသား ဗျာ။ မင်းတုန်းမင်း (လူနာမည်- မောင်လွင်) က အင်္ဂါသား။ သီပေါမင်း (လူနာမည်- မောင်မျိုးဆက်) က စနေသား။ ကဲ.. အဲဒါ ဘာသဘောလဲ? ဒီဘုရင်တွေရဲ့ လူနာမည်တွေက နေ့နံလည်း မကိုက်ဘူး။ ကုန်းဘောင်ခေတ်နှောင်းအထိ မြန်မာတွေ နေ့နံနဲ့ လူနာမည် မှည့်လေ့ မရှိကြသေးဘူး ဆိုတာ သွားတွေ့ရတယ်။ ဒါဆို ဒီလို မွေးတဲ့နေ့နဲ့ နာမည်မှည့်ကြတဲ့ ဓလေ့က မကြာသေးဘူးပေါ့။ ဟုတ်လားဗျာ?
.
ဒါဆို ဘယ်ခေတ်က စတာလဲ? ဒီစနစ်ကို ဘယ်သူ တီထွင်ခဲ့တာလဲ? ဘယ်သူက စပြီးကျင့်သုံးခဲ့တာပါလဲ? (သို့မဟုတ်) ကျင့်သုံးခိုင်းတာလဲ? နေ့နံနဲ့ နာမည်မှည့်တဲ့ ဓလေ့က ဘယ်ခေတ်/ဘယ်နှစ်လောက်က စခဲ့တာပါလဲ? မြန်မာ့ ယဉ်ကျေးမှုကော ဟုတ်လို့လားဗျာ? ဘယ်ကနေ ဒီစနစ်ကို ကူးယူလာတယ်ဆို ရေးထားတဲ့ စာအုပ် သိတဲ့လူ ရှိမယ်လို့ မျှော်လင့်နေမိပါတယ်။
.
.
[၂] အံ့ဩစရာတွေ ထပ်တွေ့ရပြန်ပြီ။ 😮 Aries, Pices, Sagistarius စတဲ့ အနောက်တိုင်းသားတွေ ယုံကြည်တဲ့ Greek birth signs / Zodiac signs တွေက သေခြာ ကြည့်တော့မှ တန်ခူး၊ ကဆုန်၊ နယုန်တွေနဲ့ လာကိုက်နေတယ်ဗျာ။ နေ့ရက်သာ အတိအကျ မကိုက်တာ။ အကြမ်းဖျင်းတော့ ကိုက်တယ်။ မြန်မာမွေးလ အမှတ်အသားတံဆိပ်တွေနဲ့ ဂရိ မွေးလ အမှတ်အသားတံဆိပ်တွေက ဘာလို့ သွားတူနေရတာလဲ?
.
နှစ် ၁၀၀ ကျော်လောက် ရှေးဟောင်း ငွေဖလား ၂ ခုကို လေ့လာရင်းနဲ့မှာ ဒါကို သွားသတိထားမိတာ မြန်မာနဲ့ ဂရိ ယှဉ်ပြထားပါတယ်။ (ငွေဖလားပေါ်မှာ ရေးထားတာကို ပုံမှာ သေခြာ ကြည့်ကြည့်ပါ)
⦿ တန်ခူး (ဆိတ်) = Aries / မိဿ (Ram)
⦿ ကဆုန်(နွား) = Taurus / ပြိဿ (Bull)
⦿ နယုန် (ကရဝီ??) = Gemini / မေထုန် (Twins)
⦿ ဝါဆို (ဂဏန်း) = Cancer / ကရကဋ် (Crab)
⦿ ဝါခေါင်(ခြင်္သေ့) = Leo / သိဟ် (Lion)
⦿ တော်သလင်း (စပါးနှံ) = Virgo / ကန် (Maiden)
⦿ သီတင်းကျွတ် (ချိန်ခွင်) = Libra / တူ (Scales)
⦿ တန်ဆောင်မုန်း (ကင်းမြှီးကောက်) = Scorpio / ဗြိစ္ဆာ (Scorpion)
⦿ နတ်တော် (မုဆိုး) = Sagittarius / ဓနု (Archer)
⦿ ပြာသို (ပဉ္စရူပ) = Capricorn / မကာရ (Horned-Goat)
⦿ တပိုတွဲ (ပန်းအိုး) = Aquarius / ကုံ (Water-Bearer)
⦿ တပေါင်း (ငါး) = Pisces / မိန် (Fish)
.
ဒီနေ့နံတွေ ရာသီခွင်တွေ ဗေဒင်တွေ၊ ယုံကြည်ချက် ခံယူချက်တွေ အားလုံးက ဒီအခြေခံတွေ အပေါ်မှာ တည်ပြီးမှ ယုံကြည် နေကြတာလေဗျာ။ လူကြီးတွေ ပြောကြတာ မြန်မာ့ယဉ်ကျေးမှုနဲ့ အနောက်တိုင်း ယဉ်ကျေးမှုဆိုတာ မတူဘူးဆို?
.
.
[၃] ဗေဒင်ဝေဒ ပညာရပ်ကို အနောက်တိုင်းကနေ ယူတော့ ယူလိုက်တယ်။ ပုဏ္ဏားတွေ ဒီပညာတွေ သွားသင်လာခဲ့တဲ့ အိန္ဒိယနဲ့ ဂရိမှာ မြန်မာစာ မရှိဘူးလေ။ မရှိတော့ ဒီနေရာက်မှ ပြီးတော့ ဘယ်လိုလုပ်ပြီး မြန်မာအက္ခရာ ၃၃ လုံးကို နေ့နံ ၈ ခုနဲ့ ဝေစုခွဲခဲ့တာလဲ ခင်ဗျာ?
.
ခွဲပုံကလည်း ဝေစုမတည့်ဘူး။ (ရောင်စုံ ပုံထဲမှာ ကြည့်ကြည့်ပါ။) အချိုး မညီမျှဘူး ဖြစ်နေတယ်။ မြန်မာအက္ခရာ ၃၃ လုံးကို နေ့နံအလိုက်က် ဘယ်တုန်းက ဝေစုခွဲခဲ့တာပါလဲ? ဒါ မြန်မာ့တီထွင်မှုပဲ။ ဘယ်သူ့ တီထွင်မှုလဲ ဆိုတာ ကျွန်တော် တကယ် စိတ်ဝင်စားမိတယ်။
.
.
[၄] နောက်တစ်ခုက ဘုရားတွေမှာ တွေ့ရတတ်တဲ့ အရပ်မျက်နှာ နေ့နံထောင့် ၈ထောင့် ကိစ္စ။ အားလုံး သိတဲ့အတိုင်း အရပ်မျက်နှာက ၈ ခုရှိနေတယ်။ ဒါပေမဲ့ တစ်ပတ်မှာ အမှန်က ၇ ရက်ပဲ ရှိတယ်။ ဒီတော့ အဲဒီ “အရပ်မျက်နှာ” ဆိုတာနဲ့ “နေ့နံ” ဆိုတာကို relate လုပ်လို့ ဆက်စပ်လို့ ရအောင် ၇ ရက်ကို ၈ ရက်မဖြစ်ဖြစ်အောင် Sun-Sat ကြားမှာ အလယ်ကျတဲ့ ဗုဒ္ဓဟူးနေ့ကို ထက်ခြမ်းခွဲခဲ့ကြတယ်။ #ရာဟု ဆိုတာကို တီထွင်ခဲ့ကြတယ်။
.
ဗုဒ္ဓဟူးနေ့ 0:00-11:59 ကြားမှာ မွေးရင် ဗုဒ္ဓဟူးသား/သမီးတဲ့။ 12:00-23:59 ကြားမှာ မွေးရင် ရာဟုသား/သမီးတဲ့ ခင်ဗျ။ 🙂 ကျွန်တော့်အမြင်တော့ ဒါဟာလည်း Myanmar invention ထင်တာပဲ။ 😀 အဲဒီလို နေ့နံ ၈ထောင့်ရအောင် ဗုဒ္ဓဟူးနေ့ကို ဘယ်တုန်းက ဘယ်သူကများ ထက်ခြမ်းခွဲခဲ့တာလဲ?
.
.
[၅] မိဿ, ပြိဿ, ဓနု စတဲ့ရာသီခွင်တွေကို ပါဠိလိုတွေ ရေးနေ ပြောနေကြတော့ ဒါတွေက ဗုဒ္ဂဘုရားရှင် လက်ထက်ကတည်းကလိုလို လက်ခံနေခဲ့ကြတာပါ။ Greek mythology နဲ့ Zodiac signs ထဲက သတ္တဝါတွေက က BC 1400 လောက်ကတည်းက ရှိခဲ့တယ်လို့ ဆိုတယ်။ ဒါပေမဲ့ Zodiac table အဖြစ် ၁၂ ရာသီခွင်ကတော့ BC 500-600 လောက်၊ ဗုဒ္ဂနဲ့ တစ်ခေတ်တည်းလောက် ပေါ်ခဲ့တာလို့ အချို့မှတ်တမ်းတွေမှာ ရေးထားပါတယ်။
.
ဒီတော့- ဂရိ ဗေဒင်ထဲက မိဿ, ပြိဿ, မေထုန် စတဲ့ရာသီ တံဆိပ် မှတ်အသားတွေက ပေါ်ခဲ့တာက ဗုဒ္ဂထက်တောင် အများကြီး စောနေတယ်။ (မြန်မာ ရှေးဟောင်းဖလားတွေ၊ ရွှေချည်ထိုး ပန်းချီတွေ အပေါ်မှာ တွေ့ရသလို) ဂရိ-ရောမ ယဉ်ကျေးမှုက ဘယ်တုန်းက ဘယ်လိုလုပ်ပြီး မြန်မာယဉ်ကျေးမှုထဲ ရောက်လာတာပါလဲ? မြန်မာ့ ယဉ်ကျေးမှုလည်း မဟုတ်ဘဲနဲ့ဗျာ။
.
.
တကယ်ပဲ အံ့ဩရတယ်။ 😮 ကျွန်တော်တို့ တစ်သက်လုံး ဒီလိုတွေနဲ့ မျက်စေ့လည် ခဲ့တာပါလား … #zshtut
.
(သိတဲ့ ဆရာ/ဆရာမများ အဆင်ပြေသလို ဖြေပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။ ကျေးဇူးပါ ခင်ဗျာ။)