Connect with us

BC 800 – အပေါင်း “+” အက္ခရာက အနှစ် ၂၀၀၀ ကြာတော့ “က” ဖြစ်လာတယ်လို့ ဘယ်သူ ယုံမှာလဲ?

MYANMAR HISTORY

BC 800 – အပေါင်း “+” အက္ခရာက အနှစ် ၂၀၀၀ ကြာတော့ “က” ဖြစ်လာတယ်လို့ ဘယ်သူ ယုံမှာလဲ?

အပေါင်း “+” အက္ခရာက အနှစ် ၂၀၀၀ ကြာတော့ “က” ဖြစ်လာတယ်လို့ ဘယ်သူ ယုံမှာလဲဗျာ? မြန်မာစာထူးချွန်တဲ့ ဂုဏ်ထူးဦးသိန်းနိုင် စာအုပ်ထဲက သိလာရတယ်။ မြန်မာစာအဖွဲ့ ဦးစီးဌာနက ၁၉၉၃ ကတည်းက ထုတ်ခဲ့တဲ့ စာအုပ်ထဲမှာလဲ အဲဒီအတိုင်းပဲ။ အဲဒီခေတ်ကတည်းက သူတို့ဘာသာနဲ့ “က” လိုလို အသံထွက်တဲ့ “+” ဟာ အခုခေတ် ကကြီး မဟုတ်ဘူးလို့ ငြင်းလို့ ရနိုင်မလားလို့ တွေးမိပါတယ်။
.
အပြောင်းအလဲဟာ သဘာဝ။
အရာရာဟာ အနိစ္စ
(ဟီး … ဘုန်းကြီးလေသံ ပေါက်လာပြီ :D)
.
BC 800 တုန်းက ဗြဟ္မီအက္ခရာမှာ “+” လို့ ရေးခဲ့တဲ့ စာလုံးက တဖြေးဖြေး အဆင့်ပြောင်းလာပြီး၊ AD 1200 မှာ ရာဇကုမ္မာ ရေးတဲ့ ကျောက်စာထဲကျတော့ ကကြီး ဖြစ်လာတယ်။ အခု အနှစ် ၃၀၀၀ ကြာပြီး AD 2023 မှာတော့ ဝိုင်းစက်နေတဲ့ Myanmar font ထဲက “ကကြီး” ပေါ့။
.
အနှစ် ၃၀၀၀ လောက်အတွင်းမှာ ရာစုနှစ်အလိုက် အဆင့်ဆင့် ပြောင်းလာတာကို ပညာရှင်တွေ သုတေသန လုပ်ထားတဲ့ အကြောင်း အောက်က ပုံထဲမှာ သေခြာ ကြည့်ကြည့်ပါ။ အခုလို ပြောင်းလဲဖြစ်လာပုံကို စာ‌ကို အဖြစ်လောက် တတ်တဲ့လူကို သွားရှင်းပြရင်တောင် ကျွန်တော့်ကို အရူးလို့ ပြန်ပြောမှာ သေခြာသလောက် ရှိတယ်။
.
မြန်မာ ဘာသာက ဗြဟ္မီကို အခြေခံပြီး ပြောင်းလဲ တိုးတက်လာပါတယ် ဆိုတာနဲ့ ကျေနပ်ပြီး ရပ်မထားလိုက်နဲ့ဦးခင်ဗျ။ ဗြဟ္မီကို ကျော်ပြီး၊ သူ့ရဲ့ ပင်ရင်း ဇစ်မြစ်ကို ထပ်လိုက်ကြည့်ရင်၊ သူ့ထက် ပိုစောတဲ့ အီဂျစ်နဲ့ မက်ဆိုပိုတေးမီးယား သမိုင်းအထိကို လိုက်ရမှာ ဖြစ်နေပါတယ်။ Egyptian Hieroglyphs ကနေ ခတ်ဆင်ဆင်လေး ကူးပြောင်းသွားကြတာ အားလုံး ဘာသာ ၅၇ ခု ရှိတယ်ဆိုတာ သိလာကြရတယ်လို့ ဆိုပါတယ်။ အဲဒီမှာ ရေးခဲ့တဲ့ Egyptian Hieroglyphs ထဲမှာ အဲဒီကတည်းက ရေးခဲ့တဲ့ စာလုံးက ပုံသာ နဲနဲစီ ပြောင်းသွားတယ်၊ အသံထွက်ကတော့ အခြေခံက အတူတူပါပဲ။
.
အံ့ဩလောက်စရာပါ။ ဘယ်လိုလုပ်မလဲဗျာ။ ငြင်းမရဘူး ဖြစ်နေတယ်။ (ပုံမှာ ကြည့်ပါ)
A=အ
B=ဗ
C=ဂ (စီဆိုပေမဲ့ ca ဆိုရင် က လို့အသံထွက်တယ်)
D=ဒ
.
ဒီလိုတွေ သိလာရတော့ “အရှေ့တိုင်း ယဉ်ကျေးမှုနဲ့ အနောက်တိုင်း ယဉ်ကျေးမှုက တခြားစီပါ” လို့ ပြောနေတာက ၁၀၀% မမှန်မှန်း သိလာရတယ်။ လက်ခံလို့ မရဘူးဆိုတာ သိပ္ပံနည်းကျ ထင်ရှားလာတယ်။ ဟိုတနေ့က ရေးသလို အားလုံးက အမျိုးတွေချည်းပဲဗျ။
.
#အစွဲကြီး တာ၊ #အစွန်းရောက် တာတွေ အားလုံးဟာ လူသားတွေကို ဒုက္ခပေးတာပဲ များပါတယ်။ ဗဟုသုတ အမြဲတိုးနေအောင် လေ့လာပါ ဆည်းပူးပါ၊ စာဖတ်ပါလို့ပဲ ကျွန်တော် ကြုံတိုင်းတိုက်တွန်းပါရစေ။ စာဖတ်ဘို့ အသက်ကြီးပြီလို့လည်း ဆင်ခြေမပေးမိပါစေနဲ့‌နော်။ 🙂 #zshtut
__________
ရည်ညွှန်းစာအုပ်အမည်။ #မြန်မာစာ ဋီကာ
စာရေးသူ။ မောင်သိန်းနိုင် (မြန်မာစာ)
ထုတ်ဝေသည့်ခုနှစ်။ ၂၀၁၉
(စာမျက်နှာ ၆၂ မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။)

Continue Reading
Advertisement
You may also like...

More in MYANMAR HISTORY


မြန်မာနက် သတင်း

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ပေါ်လစီများကြောင့်၊ ကမ္ဘာ့သတင်းများသာ ဖော်ပြထားနိုင်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


⦿ #MyanmarNet နှင့် Win မြန်မာဖောင့်တို့သည် #မြန်မာနက် ဆော့ဝဲကုမ္ပဏီ၏ ၁၉၉၈ ကတည်းက အသုံးပြုသည့် အမျိုးသား အိုင်စီတီဆုရ နိုင်ငံကျော် ကုန်အမှတ်တံဆိပ်များ ဖြစ်သည်။ ခွင့်ပြုချက်မရှိဘဲ ဆင်တူရိုးမှား /သံတူကြောင်းကွဲ အသုံးပြုခြင်းကို သတိပေးတားမြစ်ထားသည်။ ⦿ Millions of users have viewed our internet services by Myanmar Net since 1998.

All rights reserved by
Myanmar Net ® https://မြန်မာ.Net


Advertisement

Myanmar Net News

Advertisement
To Top
page views so far.